HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ရိုမာရီယို၏ ဘရာဇီးဂိုး သွင်းစံချိန်နှင့် တူညီနိုင်ခဲ့သဖြင့် နေမာ ဂုဏ်ယူ

ရိုမာရီယို၏ ဘရာဇီးဂိုး သွင်းစံချိန်နှင့် တူညီနိုင်ခဲ့သဖြင့် နေမာ ဂုဏ်ယူ

ဘရာဇီးတိုက်စစ်မှူးနေမာက သြစတြီးယားကို အနိုင်ရခဲ့သောပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းအတွက် ၅၅ ဂိုးသွင်းယူထား သော ရိုမာရီယို၏ ဂိုးသွင်းစံချိန်နှင့်တူညီနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းဆိုခဲ့သည်။ နေမာသည် ဖေဖော်ဝါရီလအတွင်း ခြေချောင်းရိုးကျိုးသည့် ဒဏ်ရာရခဲ့ပြီးနောက် ဘရာဇီးအသင်းအတွက် ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရခဲ့ သော သြစတြီးယားနှင့်ပွဲတွင် ပွဲချိန် ၆၃မိနစ်၌ အဆိုပါဂိုးကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက ကစားခဲ့သော ခရိုအေးရှားနှင့်ပွဲတွင် လူစားဝင်ကစားပြီး ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သော နေမာအနေဖြင့် လက်ရှိတွင် ဘရာဇီးအတွက် ၅၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီဖြစ်ရာ ရိုမာရီယို၏စံချိန်နှင့် တူညီနိုင်ခဲ့ခြင်းဖြစ်သည်။ နေမာအနေဖြင့် ယခုကဲ့သို့ ရိုမာရီယို၏စံချိန်ကို အမီလိုက်နိုင်ခဲ့ခြင်းကြောင့် ဘရာဇီးအတွက် ဂိုးအများဆုံးသွင်းယူထားသော ကစားသမားများ စာရင်းတွင် ပူးတွဲတတိယနေရာသို့ ရောက်လာခဲ့ ပြီး ရော်နယ်ဒို(၆၂ဂိုး)၊ ပီလီ(၇၇)ဂိုးတို့သာ ၎င်းအထက်တွင်ရှိနေသည်။ နေမာက ''ဘရာဇီးရဲ့ထိပ်တန်းဂိုးသွင်းရှင် တွေထဲမှာပါဝင်တဲ့ ရိုမာရီယိုရဲ့စံချိန်နဲ့တူညီနိုင်ခဲ့တာဟာ တကယ်ဂုဏ်ယူစရာကောင်းပါတယ်။ သူဟာ ကျွန်တော်လေးစားအားကျရသူတစ်ယောက် ဖြစ်လို့ နည်းလမ်းတစ်ခုခုနဲ့ ဂုဏ်ပြုချင်ခဲ့တာပါ။ ပြီးခဲ့တဲ့တစ်ပတ်မှာ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်ဟာ ကျွန်တော်ပဲဖြစ်ချင်ပြီး တခြားကစားသမားတွေထက် ပို ကောင်းတာမျိုးကို မဖြစ်ချင်ပါဘူး''ဟု ပြောခဲ့သည်။


ဘရာဇီးနည်းပြတီတီကလည်း နေမာ၏ဘောလုံးစွမ်းရည်နှင့် ဖန်တီးနိုင်မှုစွမ်းအားမှာ အထင်ကြီး စရာကောင်းကြောင်း၊ နေမာ၏ခြေစွမ်းမှာ အကန့်အသတ်ရှိမည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။ အခြားတစ်ဖက်တွင် ဘရာဇီးလက်ရွေးစင်ဟောင်း ရော်ဘင်တိုကားလို့စ်က အသင်းမှာနည်းပြသစ် တီတီ၏ ဦးဆောင်မှု၊ အကောင်းဆုံးကစား သမားစုဖွဲ့မှုနှင့်အတူ ခြောက်ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်စွမ်းရှိ နေကြောင်း ပြောဆိုခဲ့သည်။ ကားလို့စ်က ''ဘရာဇီးက ကျွန် တော်အကြိုက်ဆုံးအသင်းပါပဲ။ လက်ရှိအချိန်မှာ အကောင်းဆုံးဘရာဇီးအသင်းကို မြင်တွေ့နေရပြီလို့ ကျွန် တော်ထင်ပါတယ်။ နည်းပြတီတီကအသင်းကို အကောင်းဆုံး ထိန်း ကျောင်းနိုင်တာ တွေ့ရပါ တယ်''ဟု ပြောကြားခဲ့သည်။

KKW
#democracytoday

Rate this item
(0 votes)
back to top