HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ကမ္ဘာ့ဖလား အပြီးတွင် အာဂျင်တီးနား အတွက် ဆက်ကစားရန် မက်ဆီ မသေချာ

ကမ္ဘာ့ဖလား အပြီးတွင် အာဂျင်တီးနား အတွက် ဆက်ကစားရန် မက်ဆီ မသေချာ

အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းအနေဖြင့် မည်မျှအောင်မြင်မှုရှိမည်ဆိုခြင်းကို စောင့် ကြည့်ရမည်ဖြစ်ပြီး ပြိုင်ပွဲအပြီးတွင် အာဂျင်တီးနားအတွက် မိမိဆက်ကစားမည်ဆိုခြင်းအား အတိအကျမပြောဆိုနိုင်သေး ကြောင်း ဖွင့်ဟခဲ့သည်။

မက်ဆီသည် ၂ဝဝ၅ ခုနှစ်ကတည်းက အာဂျင်တီးနားအတွက် စတင်ကစားခဲ့သူဖြစ်ပြီး ၂ဝ၁၆ တွင် လက်ရွေးစင်အသင်း မှအနားယူခဲ့သေးသော်လည်း နောက်ပိုင်းတွင် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့သည်။ မက်ဆီက ''ကမ္ဘာ့ဖလားအပြီးမှာ ကျွန်တော်ဆက်ကစားဖြစ်မလားဆိုတာ မသိသေးပါဘူး။ အသင်းအနေနဲ့ ဘာတွေလုပ်နိုင်မလဲ၊ ဘယ်လိုအဆုံးသတ်မလဲဆိုတာတွေအပေါ်မှာလည်း မူတည်နေပါသေးတယ်။ ဗိုလ်လုပွဲသုံးကြိမ်မှာ ဆက်တိုက်အရေးနိမ့်ပြီးနောက် ကျွန် တော်တို့ကို အာဂျင်တီးနားမီဒီယာ တွေရဲ့ အမြင်တွေက ရှုပ်ထွေးခဲ့ ပါတယ်။ ဗိုလ်လုပွဲသုံးကြိမ်မှာ တစ်ကြိမ်ဗိုလ်စွဲခဲ့သင့်တာမှန်ပေမယ့် ဒီလိုဗိုလ်လုပွဲသုံးကြိမ်တက်နိုင်ဖို့ဆိုတာကလည်း လွယ်ကူတာမဟုတ်ပါဘူး''ဟုဆိုခဲ့သည်။


KKW

#democracytoday

Rate this item
(0 votes)
back to top