HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

မန်ယူမှ စိတ်ဝင်စားနေသော ဂျက်စတင် ကလွိုက်ဗက်စ်အား ရိုးမား ခေါ်ယူနိုင်ခဲ့

မန်ယူမှ စိတ်ဝင်စားနေသော ဂျက်စတင် ကလွိုက်ဗက်စ်အား ရိုးမား ခေါ်ယူနိုင်ခဲ့

မန်ယူအသင်းမှ ခေါ် ယူရန် စိတ်ဝင်စားနေသော အေဂျက် တောင်ပံကစားသမား ဂျက်စတင် ကလွိုက်ဗက်စ်အား ရိုးမားအသင်းက ခေါ်ယူလိုက်ပြီဖြစ် ကြောင်းသိရသည်။ ရိုမားသည်က လွိုက်ဗက်စ်အား ပြောင်း ရွှေ့ကြေး ပေါင် ၁၅ ဒသမ ၈၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ ခြင်းဖြစ်သည်။ အသက် ၁၉ နှစ်အရွယ် ဂျက်စတင်ကလွိုက်ဗက်စ်သည် ပက်ထရစ်ကလွိုက်ဗက်စ်၏ သားသုံးဦးထဲမှ တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီက အေဂျက်အသင်းအတွက် ၁ဝ ဂိုးသွင်းယူကာ ၁ဝ ဂိုးဖန်တီးပေးနိုင်ခဲ့သူဖြစ်သည်။

၎င်းအား အေဂျက်အသင်းက စာချုပ်သက်တမ်း တိုးရန်ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း အဆိုပါ ကမ်းလှမ်းမှုအပြင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့နိုင်မည့်အခွင့်အရေးကိုပါ ငြင်း ပယ်ကာ ရိုးမားသို့ပြောင်း ရွှေ့ခဲ့ခြင်းဖြစ်သည်။  ရိုးမားအသင်းနှင့် ဆေးစစ်ရန် ဖျူမီချီနိုလေဆိပ်သို့ ရောက်ရှိလာသော ဂျက်စတင် ကလွိုက်ဗက်စ်အား ရိုးမားပရိသတ် ၅ဝဝ ခန့် ကလာရောက် ကြိုဆိုခဲ့ကြ ကြောင်းသိရသည်။


KKW

#democracytoday

Rate this item
(0 votes)
back to top