HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ် အသင်းသားများ နှစ် ၂ဝ ပြည့် အထိမ်းအမှတ်အဖြစ် တွေ့ဆုံ  

၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ် အသင်းသားများ  နှစ် ၂ဝ ပြည့် အထိမ်းအမှတ်အဖြစ် တွေ့ဆုံ   

၁၉၉၈ ကမ္ဘာ့ဖလားပွဲတွင် ဗိုလ်စွဲခဲ့သည့် ပြင်သစ်အသင်းသားများသည် ပြီးခဲ့သည့်တနင်္လာနေ့က နှစ် ၂ဝ ပြည့်အထိမ်းအမှတ်တွေ့ဆုံပွဲပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။ အဆိုပါပွဲသို့ ဗိုလ်လုပွဲတွင် ဂိုးသွင်းယူခဲ့ကြသည့် ဇီဒန်း၊ ပီတစ်အပါအဝင် လော်ရန့်ဘလန့်၊ ဂိုးသမား ဘားသက်ဇ်တို့အပါအဝင် ပြင်သစ်ကစားသမားဟောင်းများတက်ရောက်ခဲ့ကြပြီး ဒေသခံကလေးငယ်များနှင့် အတူတကွ ဓာတ်ပုံတွဲရိုက်ခဲ့ကြသည်။

ပြင်သစ်အသင်းသည် ၁၉၉၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဇီဒန်း၏ခေါင်းတိုက်ဂိုးနှစ်ဂိုး၊ ပီတစ်၏ သွင်းဂိုးတို့ဖြင့် ဘရာဇီးအသင်းကို ၃-ဝ ဂိုးပြတ်အနိုင် ရရှိကာ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးဗိုလ်စွဲခဲ့သည်။ အဆိုပါအသင်းတွင် အသင်း ခေါင်း ဆောင်ဖြစ်သော ဒီဒီယာဒက်ချမ့်မှာမူ ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ပြင်သစ်အသင်း၏လေ့ကျင့်ရေးအစီအစဉ်များကြောင့် တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ 

KKW

#democracytoday

Rate this item
(0 votes)
back to top