HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ကွင်းလယ်လူ ဟာဇက်၏ ဒဏ်ရာမှာ စိုးရိမ်စရာ မရှိဟု မာတီနက်ဇ် ဆို

ကွင်းလယ်လူ ဟာဇက်၏ ဒဏ်ရာမှာ စိုးရိမ်စရာ မရှိဟု မာတီနက်ဇ် ဆို

ကော်စတာရီကာအား ၄-၁ ဖြင့်အနိုင်ရရှိခဲ့သော ခြေစမ်းပွဲတွင် ကွင်းလယ်လူဟာဇက်မှာ ခြေထောက်ဒဏ်ရာရရှိသွားခဲ့ သော်လည်း အဆိုပါဒဏ်ရာမှာ စိုးရိမ်စရာမရှိကြောင်း ဘယ်လ်ဂျီ ယံနည်းပြမာတီနက်ဇ်က ထုတ်ဖော်ပြောကြားလိုက်သည်။

ဟာဇက်သည် အဆိုပါပွဲတွင် ကော်စတာရီကာနောက်ခံ လူများကြားမှထိုးဖောက်ဂိုးသွင်းရန်ကြိုးပမ်းရာမှ ခြေထောက် ခေါက်သည့်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဟာဇက်၏ဒဏ်ရာနှင့်ပတ်သက်၍ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က ''သူ့ခြေထောက်က နည်းနည်းနာသွားတာပါ။ စိုးရိမ်စရာတော့မရှိပါဘူး''ဟုဆိုသည်။ အဆိုပါခြေစမ်းပွဲတွင် ဘယ်လ်ဂျီယံအသင်းသည် ကော်စတာရီကာအား ဦးဆောင်ဂိုးပေးခဲ့ရ သော်လည်း မာတန်၊ လူကာကူ၊ ဘက်ရှူအာယီတို့၏ သွင်းဂိုးများ ဖြင့် ပွဲအပြီး၌ ၄-၁ ဖြင့်အနိုင်ရရှိခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top