HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

နည်းပြအဖြစ်သာမက လက်ရှိရာထူးကပါ ဟီယာရိုနုတ်ထွက်

နည်းပြအဖြစ်သာမက လက်ရှိရာထူးကပါ  ဟီယာရိုနုတ်ထွက်

ကမ္ဘာ့ဖလားတွင် စပိန်နည်းပြ အဖြစ်တာဝန်ယူခဲ့သော ဟီယာရို သည် အဆိုပါရာထူးအပြင် ယခင် အားကစားဒါရိုက်တာရာထူးမှပါ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း စပိန် ဘောလုံးအဖွဲ့ ချုပ်ကကြေညာခဲ့ သည်။

ဟီယာရိုသည် နည်းပြလိုပီတီ ဂူကိုရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်း ကိုနည်းပြအဖြစ်တာ ဝန်ယူပေးခဲ့ ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ်တွင် ရုရှားကိုရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရ ပြီးနောက် နည်းပြအဖြစ်သာမက ယခင်ရာထူးဟောင်းမှပါ နုတ်ထွက် ခဲ့ခြင်းဖြစ်သည်။

စပိန်နည်းပြသစ်ဖြစ်လာရန် လက်ရှိတွင် ဘယ်လ်ဂျီယံအသင်း ကို ဆီမီးဖိုင်နယ်အဆင့်အထိ ပို့ ဆောင်ပေးခဲ့သော စပိန်လူမျိုး နည်းပြမာတီနက်ဇ်က ရေပန်းစား နေပြီး ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်၊ ဝက်ဖို့ဒ်နည်းပြဟောင်း ဖလောရက်စ်နှင့် မာလာဂါနည်းပြ ဟောင်းမိုက်ကယ်တို့ လည်းအပါ အဝင်ဖြစ်နေသည်။

Rate this item
(0 votes)
MSK

back to top