အမှတ်ပေးဇယားထိပ်ဆုံးတွင် ရှိနေသော်လည်း အကြိုဗိုလ်လုပွဲစဉ်အကြောင်း မစဉ်းစားချင်သေးဘူးဟု မြန်မာယူ-၁၉ နည်းပြချုပ်ဆို

ရန်ကုန်၊ ဇူလိုင်၉-အမှတ်ပေးဇ ယားထိပ်ဆုံးနေရာတွင်ရှိနေသော် လည်း အကြိုဗိုလ်လုပွဲစဉ်အတွက် မစဉ်စားချင်သေးဘူးဟု မြန်မာယူ -၁၉ အသင်းနည်းပြချုပ် ဦးမျိုး လှိုင်ဝင်းက ဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပ လျက်ရှိသော အာဆီယံယူ-၁၉ ချန် ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ)၌ မြန်မာ ယူ-၁၉ အသင်းမှ တီမောအသင်း ကို(၂-၂)ဖြင့် သရေကစားခဲ့ပြီး ကမ္ဘောဒီးယားအသင်းကို (၄-၁)ဖြင့်လည်းကောင်း၊ ဘရူနိုင်း အသင်းကို (၇-၁)ဖြင့်လည်း ကောင်း အနိုင်ရရှိခဲ့သည်။
ပွဲစဉ်သုံးပွဲစီကစားအပြီးတွင် မြန်မာယူ-၁၉ အသင်းမှ ရမှတ် ခုနစ်မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် ဦးဆောင်နေ ရာ ရမှတ်တူသော်လည်းဂိုးကွာ ဟချက်ကြောင့် မလေးရှားအသင်း မှ ဒုတိယနေရာတွင် ရပ်တည်နေ ပြီး တီမောအသင်းမှ ရမှတ်ငါးမှတ် ဖြင့်တတိယနေရာတွင်ရှိနေသည်။
မြန်မာယူ-၁၉ အသင်းနည်း ပြချုပ်ဦးမျိုးလှိုင်ဝင်းက ''နားရက်ပို ရထားလို့ ကျွန်တော့်ကစားသမား တွေ ကောင်းကောင်းကစားနိုင်ခဲ့ ပါတယ်။ သုံးပွဲကစား ခုနစ်မှတ်ရရှိ ထားပေမယ့် အကြိုဗိုလ်လုပွဲစဉ်အ ကြောင်း မစဉ်းစားချင်သေးပါဘူး။ လောလောဆယ် မလေးရှားနဲ့အုပ် စုနောက်ဆုံးပွဲစဉ်ကို အာရုံစိုက် ထားပါတယ်''ဟု ဆိုခဲ့သည်။
ဆက်လက်ပြီး မြန်မာယူ-၁၉ နှင့် မလေးရှားယူ-၁၉ အသင်းတို့ ၏ အုပ်စုနောက်ဆုံးပွဲစဉ်ကို မူလ က ဇူလိုင် ၉ ရက် ညနေ ၆ နာရီခွဲ တွင်ဲသုသှောကိမသ ကွင်းတွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း ယခု ဇူလိုင် ၁ဝ ရက် ညနေ ၃ နာရီတွင် ြနူသမေ ီနူအေ ကွင်း၌ ပြောင်း ရွှေ့ကစားရမည်ဖြစ်ပြီး တီမော နှင့် ကမ္ဘောဒီးယားပွဲစဉ်ကို Joko Samudro ကွင်းတွင် ကျင်းပသွား မည်ဖြစ်သည်။
အာဆီယံယူ-၁၉ ချန်ပီယံ ရှစ်ပြိုင်ပွဲကျင်းပရေးကော်မတီ အနေဖြင့် မြန်မာ၊ မလေးရှား၊ တီမောအသင်းတို့၏ လက်ရှိ အနေအထားအရ အငြင်းပွားမှု များ တစ်စုံတစ်ရာမဖြစ်ပေါ်လာ စေရန် အုပ်စု(ခ)၏ နောက်ဆုံး ပွဲစဉ်များကို တစ်ပြိုင်နက်တည်း ပြောင်းရွှေ့ကျင်းပခြင်းဖြစ် ကြောင်းသိရသည်။
Latest from YMG
- ထိုင်းစာတိုက်လုပ်ငန်းက ကျေးရွာ ၅ဝဝဝ တွင် အွန်လိုင်းဈေးကွက်တိုးချဲ့သွားမည်
- 'မုန်းစွဲ'ရုပ်ရှင်ဇာတ်ကားကြီး နှစ်လကျော်ကြာသည့်တိုင် ရုံတင်နေရဆဲဖြစ်
- 'မနောမြေမှ ကျောက်စိမ်းကမ္ဘာ'ရုပ်ရှင်သရုပ်ဆောင် ဂျာဆိုင်းအိန်နှင့် တွေ့ဆုံခြင်း
- ၁ဝ ရက်အတွင်း ဝင်ငွေဒေါ်လာသန်း ၄၄ဝ ရှိထားတဲ့ တရုတ်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် The Wandering Earth
- မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် တိုင်းအစိုးရအဖွဲ့က လက်ရှိဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ငွေကျပ် သန်းပေါင်း ၃၅ဝဝဝ ကျော်ကို တင်ပြတောင်းခံ