HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဂရီမီယိုမှ လူငယ် ကွင်းလယ်ကစားသမား အာသာကို ဘာစီလိုနာ အသင်း ခေါ်ယူနိုင်ခဲ့

ဂရီမီယိုမှ လူငယ် ကွင်းလယ်ကစားသမား အာသာကို ဘာစီလိုနာ အသင်း ခေါ်ယူနိုင်ခဲ့

ဘာစီလိုနာအသင်းသည် ဘရာဇီးကလပ် ဂရီမီယိုကွင်းလယ်လူ အာသာအား ယူရိုသန်း ၄ဝ ဖြင့်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဘာစီလိုနာအသင်းသည် ကွင်းလယ်လူ အာသာအား ခြောက်နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ ပြီးနောက် ယူရိုသန်း ၄ဝဝ ကျော်တန်ကြေးရှိသည့် စာချုပ်ဖျက်သိမ်းကြေးကိုပါ စာချုပ်ခဲ့ ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် အသက် ၂၁ နှစ်အရွယ် အာသာအတွက် ကနဦးပြောင်း ရွှေ့ကြေး ယူရို ၃၁ သန်းသာပေးခဲ့ရပြီး နောက်ထပ် ၉ သန်းအား အခြားအသင်းသို့ ပြောင်းရွှေ့မှသာ ဂရီမီယိုအသင်းအားပေးရ မည်ဖြစ်သည်။ မူလက ဘာစီလိုနာအသင်းသည် အာသာကို ဂရီမီယိုအသင်း၌သာ အငှားပြန်ချထားမည်ဟု သတင်းများထွက် ပေါ်နေသော်လည်း ယခုအခါ လာမည့်ရာသီသစ်မှစ၍ ဘာစီလိုနာတွင် ပါဝင်လာမည်ဟုသိရသည်။ အာသာသည် ဘရာဇီးကလပ်ဂရီမီယို အသင်းအတွက် ဘရာဇီးစီးရီးအေချန်ပီယံ ဆုဖလားနှင့် ကိုပါလီဘာဒိုရေးပြိုင်ပွဲများတွင် ဗိုလ်စွဲအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top