HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဒုတိယအခွင့်အရေး အဖြစ် အာဂျင်တီးနား ယူ - ၂၁ အသင်းကို ဆမ်ပါအိုလီ ကိုင်တွယ်ရမည်

ဒုတိယအခွင့်အရေး အဖြစ် အာဂျင်တီးနား ယူ - ၂၁ အသင်းကို  ဆမ်ပါအိုလီ ကိုင်တွယ်ရမည်

၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းအား အောင်မြင်မှုမရယူပေးနိုင်ခဲ့သည့် နည်းပြဆမ်ပါအိုလီသည် နည်းပြရာထူးတည်မြဲရေးအတွက် ဒုတိယအခွင့်အရေးအဖြစ် အာဂျင်တီးနား ယူ-၂၁ အသင်းကို ကိုင်တွယ်ပေးရမည်ဖြစ်ကြောင်းသိရသည်။

အာဂျင်တီးနားအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှလွတ်မြောက်ရန် အသည်းအသန်ကြိုးပမ်းခဲ့ရသော်လည်း (၁၆)သင်းအဆင့်ပွဲစဉ်၌ ပြင်သစ်အသင်းကိုအရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရသည်။ ထို့အတွက်ကြောင့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်သည် နည်းပြဆမ်ပါ အိုလီ၏ အနာဂတ်အတွက် အစည်းအဝေးထိုင်ဆုံး ဖြတ်ခဲ့ရာ ဆမ်ပါအိုလီသည် ဒုတိယအခွင့်အရေးအဖြစ် အာဂျင်တီးနား ယူ-၂၁ အသင်းကိုကိုင်တွယ်ရ မည်ဖြစ်ပြီး လူငယ်အသင်းကိုအောင်မြင်မှုရအောင် စွမ်းဆောင်နိုင်ခြင်းမရှိပါက ရာထူးမှထုတ်ပယ်ရန်သေချာသလောက်ရှိနေသည်ဟုသိရသည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top