HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ရွှေဘောလုံးဆုနှင့် လူကာမိုဒရစ် ထိုက်တန်သည်ဟု မန်ဇူကစ် ထောက်ခံအားပေး၊ အငြင်းပွားဖွယ် အောင်ပွဲခံပုံကြောင့် ခရိုအေးရှား လက်ထောက်နည်းပြကို ရာထူးမှ ထုတ်ပယ်  

ရွှေဘောလုံးဆုနှင့် လူကာမိုဒရစ် ထိုက်တန်သည်ဟု မန်ဇူကစ် ထောက်ခံအားပေး၊  အငြင်းပွားဖွယ် အောင်ပွဲခံပုံကြောင့် ခရိုအေးရှား လက်ထောက်နည်းပြကို ရာထူးမှ ထုတ်ပယ်   

ခရိုအေးရှားကွင်းလယ်လူ လူကာမိုဒရစ်သည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေဘောလုံးဆုရရှိနိုင်ကြောင်း အသင်းဖော် မန်ဇူကစ်က ထောက်ခံပြောကြားလိုက်သည်။ လူကာမိုဒရစ်သည် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားအတွက် အထူးခြေစွမ်းပြကစားနေသူဖြစ်ပြီး ၁၉၉၈ နောက်ပိုင်းဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံးပြန်လည်ရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သူဖြစ်သည်။

ထို့အတွက်ကြောင့် မန်ဇူကစ်က အသင်းခေါင်းဆောင် လူကာမိုဒရစ်သည် ရွှေဘောလုံးဆုနှင့် ထိုက်တန်သူဖြစ်ကြောင်း ချီးကျူး ပြောကြားခြင်းဖြစ်သည်။ မန်ဇူကစ်က ''လူကာမိုဒရစ်အကြောင်းကို ကျွန်တော်သိထားတာ နှစ် ပေါင်းမနည်းပါဘူး။ လက်ရွေးစင်အသင်းမှာသာမကဘူး။ ကလပ်အသင်းမှာလည်း သူဘယ် လောက်လုပ်နိုင်တယ်ဆိုတာကို သိထားတယ်။ သူက မီဒီယာတွေ၊ ပရိသတ်တွေရဲ့ ချီးကျူးခြင်းကိုလည်းခံရတယ်။ လေ့ကျင့် ရေးကွင်းမှာ ပြင်းပြင်းထန်ထန်ကြိုးစားတဲ့ အသင်းခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ရလဒ်ကောင်းတွေရရှိခဲ့မယ်ဆိုရင် မိုဒရစ် လည်း သူနဲ့ထိုက်တန်တဲ့ရွှေဘောလုံးဆုရ သင့်ပါတယ်''ဟု ထောက်ခံပြောသွားခဲ့ ခြင်းဖြစ်သည်။ ကမ္ဘာ့ဖလားရွှေဘောလုံးဆုသည် ပွဲစဉ်တစ်လျှောက် အထူးခြေစွမ်းပြလေ့ရှိသော ကစားသမားများကိုပေးအပ်သည့်ဆုဖြစ်ပြီး ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီက အဆိုပါဆုကိုရရှိခဲ့သည်။


အခြားသတင်းတစ်ရပ်အနေဖြင့် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်သည် ရုရှားအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ကွာတားဖိုင်နယ်အဆင့်တွင် အနိုင်ရရှိခဲ့ပြီးနောက် သေနတ်ပစ်သည့် ပုံစံဖြင့် နောက်ခံလူ ဗီဒါနှင့်အတူ အောင်ပွဲခံခဲ့ သော လက်ထောက်နည်းပြ ဗူကိုဂျီဗစ်ကို ရာထူးမှထုတ်ပယ်ကာ အိမ် ပြန်ပို့လိုက်ကြောင်းသိရသည်။ ဗူကိုဂျီဗစ်နှင့် ဗီဒါတို့သည် ရုရှားနိုင်ငံနှင့်နိုင်ငံရေးအရတင်းမာမှုများရှိနေသော ယူကရိန်းရဲ့ အောင်ပွဲဟု အော်ဟစ် ကာ သေနတ်ပစ်သည့်ပုံစံ လုပ်ပြထားသည့် ဗီဒီယိုဖိုင်ကို တွစ်တာပေါ်တင်ခဲ့ခြင်း ကြောင့် ရုရှားနိုင်ငံသားများ ဒေါသထွက်ခဲ့ရသည်။ ထို့အတွက်ကြောင့် ခရို အေးရှားဘောလုံးအဖွဲ့ချုပ်သည် လက်ထောက်နည်းပြ ဗူကိုဂျီဗစ်အား ရာထူးမှထုတ် ပယ်လိုက်ပြီး ရုရှားနိုင်ငံကို လည်း တောင်းပန်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။  ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဗီဒါကိုလည်း ဖီဖာက သတိပေး ပြောဆိုမှုများပြုလုပ်ခဲ့သည်။

KKW

#democracytoday

 

Rate this item
(0 votes)
back to top