HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဘာစီလိုနာသို့ ပြောင်းရွှေ့လိုသည်ဟု ပေါ့ဘာ ပြောဆိုထားကြောင်း သတင်းထွက်

ဘာစီလိုနာသို့ ပြောင်းရွှေ့လိုသည်ဟု ပေါ့ဘာ ပြောဆိုထားကြောင်း သတင်းထွက်

မန်ယူကွင်းလယ်လူပေါ့ဘာသည် နည်းပြမော်ရင်ဟိုနှင့် ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဘာစီလိုနာသို့ ပြောင်းရွှေ့ကစားလိုသည့် ၎င်း၏ဆန္ဒကို အသင်းဖော်များနှင့် တာဝန်ရှိသူများအား ပြောဆိုထားခဲ့ပြီးဖြစ်ကြောင်း ဗြိတိန် Daily Mail သတင်းစာကဖော်ပြခဲ့သည်။ ပေါ့ဘာသည် ဂျူဗင်တပ်မှ မန်ယူသို့ ထိုစဉ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့်ရောက်လာခဲ့ပြီးနောက် လွန်ခဲ့သောနှစ်နှစ်အတွင်း မော်ရင်ဟိုလက် အောက်တွင် မတည်မငြိမ်ဖြစ် ခဲ့ရပြီးနောက် အသင်းပြောင်းရွှေ့လိုနေခြင်းဖြစ်သည်။

မန်ယူက ပေါ့ဘာကိုရောင်းချလိုခြင်း မရှိသော်လည်း ကစားသမားမှာ အသင်းမှထွက်ခွာရန်ဆန္ဒပြင်းပြနေခြင်းဖြစ်ပြီး ၎င်း၏ဆန္ဒကို အမှုဆောင်ချုပ်ဝုဒ်ဝက်ထံ မက် ဆေ့ခ်ျပို့အကြောင်းကြားထားကြောင်းလည်းသိရသည်။ စပိန်မှလာသောသတင်းများအရ ပေါ့ဘာမှာ ဘာစီလိုနာနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘော တူညီမှုများရထားပြီးဖြစ်ရာ သီတင်းတစ်ပတ်လျှင် ပေါင် ၃၄၆,ဝဝဝ နှင့်ညီ မျှသော အခြေခံလစာရရှိမည်ဖြစ်ပြီး ငါး နှစ်စာချုပ်အတွက် ပေါင် ၈၉ ဒသမ ၅ သန်းရရှိမည်ဖြစ်ကြောင်းသိရသည်။ ပေါ့ဘာ၏အပြောင်းအရွှေ့နှင့်ပတ်သက်၍ မန်ယူနှင့် ကစားသမား၏အေးဂျင့်တို့က တစ်စုံတစ်ရာမှတ် ချက်ပြုပြော ဆိုခြင်း မရှိသေးသော်လည်း ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားရခဲ့ခြင်းကိုပင် ချီးကျူးခြင်းမရှိ ခဲ့သော မော်ရင်ဟိုနှင့် ဆက်လက်လက်တွဲရန် ပေါ့ဘာကအလိုမရှိဖြစ်နေခြင်းဖြစ်သည်။


အစောပိုင်းသတင်းများအရ ဘာစီလိုနာအသင်းက ပေါ့ဘာအတွက် ပေါင် ၄၄ ဒသမ ၆သန်းအပြင် မီနာနှင့် အန်ဒရီဂိုမက်ဇ် တို့ကိုပါအလိုက်ပေးမည်ဟု ကမ်းလှမ်းထား သော်လည်း မန်ယူအသင်းကပယ်ချထား ကြောင်းသိရပြီး သြဂုတ်လ ၃၁ ရက်မှ ဈေးကွက်ပိတ်မည့်ဘာစီလိုနာအနေဖြင့် ပေါ့ ဘာကိုခေါ် ယူရန် လုံလောက်သောအချိန် တစ်ရပ်ရှိနေသည်။ အခြားတစ်ဖက်တွင် မန်ယူနောက်ခံ လူဟောင်းဖာဒီနန်က မော်ရင်ဟိုမှာအပျက် သဘောမြင်လွန်းသောနည်းပြဖြစ်ပြီး လက်ရှိအနေအထားက အသင်းအတွက် ကောင်း သောလက္ခဏာမဟုတ်ကြောင်း ဝေဖန် ပြောကြားခဲ့သည်။


ဖာဒီနန်က ''လက်ရှိမန်ယူအသင်းမှာ အပျက်သဘောတွေအရမ်းများ နေပါတယ်။ အသင်းမှာ တကယ်တာဝန်ရှိတဲ့လူတစ်ဦးက အပြုသဘော ဆောင်တာတစ်ခွန်းမှမပြောတာက အသင်းအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ရာသီကြိုကာလမှာ လူငယ် တွေနဲ့ပတ်သက်တဲ့မှတ်ချက်စကားတွေက လည်း သူတို့ရဲ့ယုံကြည်မှုနဲ့တက်လမ်းကို ပိတ်စေပါတယ်''ဟု ဝေဖန်ခဲ့သည်။


KKW

#democracytoday

Rate this item
(0 votes)
back to top