HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

၂ဝ၁၉ မှစတင်ပြီး adidas နှင့် အာဆင်နယ် လက်တွဲမည်

၂ဝ၁၉ မှစတင်ပြီး adidas နှင့် အာဆင်နယ် လက်တွဲမည်

အာဆင်နယ်အသင်းသည် ၂ဝ၁၉ ခုနှစ်မှစတင်ကာ လက်ရှိ ဂျာစီအင်္ကျီစပွန်ဆာဖြစ်သော Puma  နှင့် လမ်းခွဲပြီး adidas  နှင့် ပြောင်းလဲလက်တွဲမည်ဖြစ်ရာ စပွန်ဆာငွေကြေးလည်း ယခင်ထက် နှစ်ဆရရှိလာမည်ဖြစ်ကြောင်း သိရသည်။

Puma နှင့်ချုပ်ဆိုထားသော ငါးနှစ်စာချုပ်အရ တစ်နှစ်လျှင် ပေါင်သန်း ၃ဝရရှိနေခြင်းဖြစ်ပြီး နောက်နှစ်တွင် သက်တမ်းကုန်ဆုံး မည်ဖြစ်ရာ adidas  နှင့်ပြောင်းလဲ လက်တွဲရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး သဘောတူညီမှုအသစ်အရ တစ်နှစ်လျှင် ပေါင်သန်း ၆ဝအထိ တိုး မြင့်ရရှိလာမည်ဖြစ်ပြီး ငါးနှစ်စာ ချုပ်ချုပ်ဆိုမည်ဖြစ်သည်။


ယခုကဲ့သို့ ဂျာစီစပွန်ဆာ သ ဘောတူညီမှုအသစ်အရ အာဆင်နယ်နည်းပြအမ်မရီအနေဖြင့် နွေ ဈေးကွက်တွင် ကစားသမားသစ်များအတွက်သုံးခွင့်ရခဲ့သော ပေါင် သန်း ၇ဝထက်ပို၍ ငွေသုံးခွင့်ရလာဖွယ်ရှိကြောင်း ခန့်မှန်းကြသည်။

KKW

#democracytoday

Rate this item
(0 votes)
back to top