HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဂါရတ်ဘေးလ်နှင့် စီရော်နယ်ဒို ကို နည်းပြ လိုပီတီဂွီ နှိုင်းယှဉ်မည် မဟုတ်

ဂါရတ်ဘေးလ်နှင့် စီရော်နယ်ဒို ကို နည်းပြ လိုပီတီဂွီ နှိုင်းယှဉ်မည် မဟုတ်

ရီးရဲလ်နည်းပြသစ်လိုပီတီဂွီက ရာသီကြိုခြေစမ်းပွဲများတွင် ခြေစွမ်းပြနေသော ဂါရတ်ဘေးလ်ကို စီရော်နယ်ဒို၏နေရာကိုအစားထိုးမည့်သူအဖြစ် ပြောဆိုနေကြ သော်လည်း ကစားသမားနှစ်ဦးကို နှိုင်းယှဉ်မည်မဟုတ်ကြောင်းပြော ဆိုခဲ့သည်။

ဘေးလ်သည် ရိုးမားကို ၂-၁ ဖြင့်အနိုင်ရခဲ့သော ICC ဖလားပွဲတွင် ကိုယ်တိုင်တစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အပြင် အဆန်စီယိုဂိုးသွင်းနိုင်စေရန်လည်း ဖန်တီးပေးနိုင်ခဲ့ရာ စီရော်နယ်ဒို၏နေရာကိုအစားထိုးနိုင်မည့်သူအဖြစ် ရေးသားဖော် ပြခဲ့နေကြသည်။ သို့ရာတွင် လိုပီတီဂွီက ''ဂါရတ်ဘေးလ်ဟာ အသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘယ်သူတစ် ဦးတစ်ယောက်ရဲ့နေရာကိုမှ အစားထိုးမယ့်သူမဟုတ်ပါဘူး။ သူဟာ ကစားသမားကောင်းတစ်ဦး ဖြစ်ခဲ့သလို ဒီထက်လည်းပိုကောင်းလာဦးမှာပါ။ ကျွန်တော်က သူနဲ့ စီရော်နယ်ဒိုကို နှိုင်းယှဉ်မှာမဟုတ်ဘဲ ခင်ဗျားတို့တွေပဲနှိုင်းယှဉ်နေ ကြတာပါ''ဟု ပြောခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top