ဂျူဗင်တပ်အသင်းကို နောက်ထပ်အဆင့် ရောက်အောင် စီရော်နယ်ဒို လုပ်ဆောင်နိုင်မည်

ဂျူဗင်တပ်တောင်ပံကစားသမား ဒေါက်ဂလပ်ကော်စတာက စီရော်နယ်ဒိုမှာ အသင်းကို နောက်ထပ်အဆင့်တစ်ခုရောက် အောင် ခေါ်ဆောင်သွားနိုင်မည့်ကစားသမား မျိုးဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။
စီရော်နယ်ဒိုသည် နွေဈေးကွက်တွင် ရီးရဲလ်မှ ဂျူဗင်တပ်သို့ ယူရို ၁၁၂ သန်းဖြင့် ရောက်လာသူဖြစ်ပြီး ရီးရဲလ်တွင်အောင်မြင်မှုများစွာရယူနိုင်ခဲ့သော စီရော်နယ်ဒိုအနေ ဖြင့် ၁၉၉၆ ခုနှစ်ကတည်းက ဂျူဗင်တပ်နှင့် ဝေးကွာနေခဲ့သော ဥရောပအောင်မြင်မှုကို ရယူပေးနိုင်မည်ဟု ကော်စတာကယုံကြည် နေခြင်းဖြစ်သည်။
ကော်စတာက ''စီရော်နယ်ဒိုဟာ မြင့်မားတဲ့အဆင့်တစ်ခုကို ရောက်နှင့်ထားသူဖြစ်လို့ သူနဲ့အဆင့်တူဖြစ်အောင် အသင်းကို နောက်ထပ်အဆင့် ဆွဲခေါ်သွားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ နေမာနဲ့လည်းတွဲကစားဖူးလို့ စီရော်နယ်ဒို နဲ့ကစားရမှာ အသစ်အဆန်းမဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
KKW
#democracytoday