HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ထိပ်ဆုံးခြောက်သင်း စာရင်းဝင်ဖြစ်ရန် ဟာနန်ဒက်ဇ် ရည်မှန်း

ထိပ်ဆုံးခြောက်သင်း စာရင်းဝင်ဖြစ်ရန် ဟာနန်ဒက်ဇ် ရည်မှန်း

ဝက်စ်ဟမ်းတိုက်စစ်မှူးဟာ နန်ဒက်ဇ်က လွန်ခဲ့သောနှစ်နှစ်အတွင်း တန်းမဆင်းရရန်ရုန်းကန်ခဲ့ ရသော်လည်း လာမည့်ရာသီတွင်မူ ထိပ်ဆုံးခြောက်သင်းစာရင်းဝင် ဖြစ်ရန် ရည်မှန်းထားကြောင်းပြောဆိုခဲ့သည်။

ဝက်စ်ဟမ်းအသင်းသည် ယမန်နှစ်ရာသီအကုန်တွင် နည်းပြသစ်အဖြစ် ပယ်လီဂရီနီကိုခန့်အပ်ထားသည့်အပြင် ကစားသမားသစ်များအတွက် ပေါင်သန်း ၁ဝဝနီး ပါးအသုံးပြုထားရာ ယခုနှစ်တွင် ကြီးမားသောရည်မှန်းချက်ထားရှိထားသည်ဟု ဟာနန်ဒက်ဇ်ကဆိုခဲ့သည်။

 

ဟာနန်ဒက်ဇ်က ''အိပ်မက် တွေတကယ်ဖြစ်လာမှာကို ယုံကြည်တတ်သူဖြစ်တဲ့အတိုင်း ဒီရာသီမှာ ထိပ်ဆုံးခြောက်သင်းစာရင်းဝင်ဖို့ ရည်မှန်းထားပါတယ်။ အားလုံးအတူတကွအားထုတ်ကြိုးပမ်းမယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို မရနိုင်စရာအကြောင်းမရှိဘူးလို့ ယုံကြည်ထားပါတယ်''ဟု ပြောဆိုခဲ့သည်။


KKW

#democracytoday

Rate this item
(0 votes)
back to top