HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

စံချိန်တင်ကြေးပေါင် ၇၂ သန်းဖြင့် ကီပါကို ချဲလ်ဆီး အပြီးသတ်ခေါ်ယူ၊ ကော်တွိုက်စ်ကို ရောင်းရန် သဘောတူခဲ့၍ ကိုဗာဆစ် အငှားဖြင့်ရောက်လာ

စံချိန်တင်ကြေးပေါင် ၇၂ သန်းဖြင့် ကီပါကို ချဲလ်ဆီး အပြီးသတ်ခေါ်ယူ၊  ကော်တွိုက်စ်ကို ရောင်းရန် သဘောတူခဲ့၍  ကိုဗာဆစ် အငှားဖြင့်ရောက်လာ

ချဲလ်ဆီးအသင်းသည် ဘီလ်ဘာ အိုဂိုးသမား ကီပါကို ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ခဲ့ရာ ကီပါမှာ အစောပိုင်းက ဂိုးသမားများတွင် တန်ကြေးအမြင့်ဆုံး ဖြစ်ခဲ့သော လီဗာပူးဂိုးသမားအလစ် ဆန်၏စံချိန်ကို ချိုးဖျက်ခဲ့သည်။ အစောပိုင်းက ရိုးမားမှ လီဗာပူးသို့ ပေါင် ၆၆ ဒသမ ၈သန်းဖြင့် ပြောင်းရွှေ့ခဲ့သော ဘရာဇီးဂိုးသမား အလစ်ဆန်၏တန်ကြေးမှာ ဂိုးသမားများတွင် အမြင့်ဆုံးဖြစ်ခဲ့သော်လည်း ယခုအခါ ကီပါ၏ပြောင်းရွှေ့ကြေးက အလစ်ဆန်၏တန်ကြေးကို ကျော်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

ချဲလ်ဆီးအသင်းသည် မက်ဒရစ်သို့ပြောင်းရွှေ့လိုနေသော ကော်တွိုက်စ် ကြောင့် အပြောင်းအရွှေ့ဈေးကွက်မ ပိတ်သိမ်းမီ ဂိုးသမားသစ်တစ်ဦးကို အပူတပြင်းရှာဖွေခဲ့ရပြီး ဘီလ်ဘာအိုနှင့် စာချုပ်သက်တမ်းတိုးထားသည်မှာ အချိန်ခြောက်လသာကြာမြင့်သေးသည့် ကီပါအား အရခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဘီလ်ဘာအိုနှင့်ချုပ်ဆိုထားသော စာချုပ်အရ ကီပါအတွက် သတ်မှတ်ထားသောစာချုပ်ပါ လျော်ကြေးပေါင် ၇၂ သန်းကိုပေးချေနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးမှာ ကစားသမားကို ဆေးစစ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် ခုနစ်နှစ်သက်တမ်းရှိစာချုပ်အား လက်မှတ်ရေးထိုးခဲ့သည်။


ဂိုးသမားသစ်ကီပါက ''အသင်းကရထားတဲ့ဆုဖလားတွေ၊ ကစားသမား ကောင်းတွေ၊ လန်ဒန်နဲ့ ပရီးမီးယားလိဂ်စတဲ့အရာတွေက ချဲလ်ဆီးမှာလာ ကစားဖို့ ကျွန်တော့်ကိုဆွဲဆောင်ခဲ့တာပါ။ ကျွန်တော့်ကိုယုံကြည်မှုအပြည့်နဲ့ ခေါ်ယူခဲ့လို့ ပျော်ရွှင်ကျေနပ်မိပါတယ်''ဟု ပြောကြားခဲ့သည်။ ချဲလ်ဆီးအသင်းသည် ယခုကဲ့သို့ ကီပါကိုခေါ်ယူနိုင်ခဲ့အပြီးတွင် အသင်းမှ ဘယ်လ်ဂျီယံဂိုးသမား ကော်တွိုက်စ်ကို ရီးရဲလ်ထံထွက်ခွာခွင့်ပြုခဲ့ကြောင်း ကြေညာခဲ့သည်။ ကော်တွိုက်စ်မှာ ပြောင်း ရွှေ့ကြေးပေါင် ၃၅သန်းဖြင့် ရီးရဲလ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ခြောက် နှစ်စာချုပ်ကို လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။


ကော်တွိုက်စ်၏အပြောင်းအရွှေ့အတွက် ချဲလ်ဆီးနှင့်ရီးရဲလ်အသင်းများအကြား သဘောတူညီချက်တစ် စိတ်တစ်ပိုင်းအနေဖြင့် ရီးရဲလ်မှခရို အေးရှားကွင်းလယ်လူ ကိုဗာဆစ်မှာ ချဲလ်ဆီးသို့ တစ်ရာသီအငှားလာရောက် ကစားမည်ဖြစ်ကြောင်း သိရသည်။ ၃၄နှစ်အရွယ်ရှိ ကိုဗာဆစ်သည် ရီးရဲလ်တွင် ပုံမှန်ကစားခွင့်ပျောက်ဆုံး နေပြီး ကမ္ဘာ့ဖလားတွင်ဒုတိယရခဲ့ သော ခရိုအေးရှားလူ စာရင်းတွင်ပါ ဝင်ခဲ့သော်လည်း ပွဲကစားချိန် ၁၈၃ မိနစ်သာကစားခွင့်ရခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top