HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဘာစီလိုနာ ကစားသမားများတွင် ဆုဖလား အများဆုံး ရသူအဖြစ် မက်ဆီ စံချိန်တင်

ဘာစီလိုနာ ကစားသမားများတွင် ဆုဖလား အများဆုံး ရသူအဖြစ် မက်ဆီ စံချိန်တင်

တန်ဂျီရာတွင် ကစားခဲ့သော စပိန်စူပါဖလားပွဲတွင် ဆီဗီလာကို ၂-၁ ဂိုးဖြင့်အနိုင်ရခဲ့ပြီးနောက် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီမှာ အသင်း၏သမိုင်းတွင် ဆုဖလားအများဆုံးရယူနိုင်သော ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

ယခုစပိန်စူပါဖလားမှာ မက်ဆီ၏ကစားသမားဘဝတွင် ၃၃ ခုမြောက်ဆုဖလားဖြစ်ရာ ယခင်က ဘာစီလိုနာကစားသမားများတွင် ဆုဖလားအများ ဆုံးရယူထားသူအဖြစ် စံချိန်တင်ထားသော အင်နီယေစတာ၏စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အသက် ၃၁ နှစ်အရွယ်ရှိ မက်ဆီသည် ဘာစီလိုနာနှင့်အတူ လာလီဂါကိုးကြိမ်၊ ချန်ပီယံလိဂ် လေးကြိမ်၊ စပိန်ဘုရင့်ဖလား ခြောက်ကြိမ်၊ စပိန်စူပါဖလားရှစ် ကြိမ်၊ ဥရောပစူပါဖလားသုံးကြိမ်၊ ကလပ်ကမ္ဘာ့ဖလားသုံးကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

KKW

#democracytoday

 

Rate this item
(0 votes)
back to top