HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အခွင့်အရေးကို စောင့်ဆိုင်းရန် လီနိုအား အမ်မရီ တိုက်တွန်း

အခွင့်အရေးကို စောင့်ဆိုင်းရန် လီနိုအား အမ်မရီ တိုက်တွန်း

ရာသီအဖွင့် မန်စီးတီးနှင့်ပွဲတွင် ဝါရင့်ဂိုးသမားပီ တာချက်ကို ပွဲထွက်ကစားစေခဲ့ပြီးနောက် ဂိုးသမားသစ်လီနို အနေဖြင့် ပွဲကစားခွင့်ရလာမည့် အခွင့်အရေးကို အချိန်ယူစောင့် ဆိုင်းရမည်ဟု အာဆင်နယ်နည်းပြ အမ်မရီကတိုက်တွန်း ပြောဆိုခဲ့သည်။

ဂျာမန်ဂိုးသမား လီနိုသည် နွေဈေးကွက်အတွင်း လေဗာကူဆင်မှ အာဆင်နယ်သို့ ပေါင် ၁၉ သန်း ဖြင့်ရောက်လာသူဖြစ်ပြီး ပွဲထွက်ကစားခွင့်အတွက် ပီတာချက်နှင့် နေရာ လုရမည်ဖြစ်ကာ အဖွင့်ပွဲတွင်မူ ပီတာချက်က ပွဲထွက်ခွင့်ရခဲ့သည်။

 

သို့ရာတွင် နည်းပြ အမ်မရီက ''ဂိုးသမားနေ ရာသာမက နေရာတိုင်းမှာ ကစားသမားအချင်းချင်း အားပြိုင်ကြရမှာပါ။ ဂိုးသမားတွေမှာ တူညီတဲ့အခွင့်အရေးရှိတယ်ဆိုတာကို ပီတာချက်ကိုရော၊ လီနိုကိုပါ ကျွန်တော် ပြောထားပြီးသားပါ။ လီနိုအနေနဲ့ ရာသီကြိုကာလမှာ ကောင်းကောင်း ကစားနိုင်ခဲ့တာမှန်ပေမယ့် ပွဲထွက်ခွင့်အတွက် အခွင့်အရေးကိုတော့ စောင့်ဆိုင်းရဦးမှာပါ'' ဟု ဆိုခဲ့သည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top