HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဖီဖာ အကောင်းဆုံး ဆုအတွက် အာရုံများနေခြင်း မဟုတ်ဟု မိုဒရစ်ဆို၊ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာရန် မည်သည့်အခါကမှ အဆန်စီယို မစဉ်းစားခဲ့

ဖီဖာ အကောင်းဆုံး ဆုအတွက် အာရုံများနေခြင်း မဟုတ်ဟု မိုဒရစ်ဆို၊ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာရန် မည်သည့်အခါကမှ အဆန်စီယို မစဉ်းစားခဲ့

ရီးရဲလ်ကွင်းလယ်လူ မိုဒရစ်က လတ်တလော ခရိုအေးရှားနှင့် ကစားခဲ့သောနိုင်ငံတကာပွဲများတွင်ခြေ စွမ်းမပြနိုင်ခဲ့ခြင်းမှာ မိမိအနေဖြင့် ဖီဖာ၏တစ်နှစ်တာအကောင်းဆုံးဆုကို ရနိုင်မည့် အခွင့်အလမ်းအတွက် အာရုံများနေခြင်း ကြောင့်မဟုတ်ကြောင်းတုံ့ပြန်ပြောကြားခဲ့သည်။

မိုဒရစ်သည် ယမန်နှစ်ရာသီက ရီးရဲလ်နှင့်အတူ ချန်ပီယံလိဂ်ဆုဖလားကို သုံးနှစ်ဆက်တိုက်ရယူနိုင်ခဲ့သည့်အပြင် ခရိုအေးရှားနှင့်လည်း ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ယူအီးအက်ဖ်အေ၏တစ်နှစ်တာအကောင်းဆုံးဆုကိုရခဲ့သည်။ ထို့အပြင် ဖီဖာ၏တစ်နှစ် တာ အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းတွင်လည်း စီရော်နယ်ဒို၊ ဆာလက်တို့နှင့်အတူ ရွေးချယ်ခြင်းခံထားသော မိုဒရစ်မှာ အဆိုပါဆုကိုဆွတ်ခူးနိုင်ရန်လည်း အလားအလာ ကောင်းနေသည်။ သို့ရာတွင် လတ်တလော ခရိုအေးရှားနှင့်ပွဲများတွင် မိုဒရစ်မှာခြေစွမ်းမပြနိုင်ခဲ့ဘဲ ခရိုအေးရှားမှာလည်း ပေါ်တူဂီနှင့်ခြေစမ်းပွဲတွင် သရေကျပြီး စပိန်နှင့်နေးရှင်းလိဂ်ပွဲတွင် ခြောက်ဂိုးပြတ်အရေး နိမ့်ခဲ့ရာ မိုဒရစ်အနေဖြင့် ဖီဖာ၏အကောင်းဆုံးဆုကြောင့် အာရုံများနေခြင်းဖြစ်နိုင်ကြောင်း ဝေဖန်သုံးသပ်မှုများရှိနေသည်။


မိုဒရစ်က ''ကျွန်တော်ရူး သွပ်တဲ့အရာတွေကတစ်ဦးချင်း ဆုတံဆိပ်တွေရယူနိုင်ဖို့မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ဒီလိုတစ်ဦးချင်း ဆုတံဆိပ်တွေမရခဲ့ရင်လည်း ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး''ဟု ပြောခဲ့သည်။ ထို့အပြင်မိုဒရစ်က အသင်းအနေဖြင့် စပိန်နှင့်ပွဲတွင် အစောပိုင်းမိနစ် ၂ဝ ၌ ကစားပုံကောင်းမွန်ခဲ့ပြီး ဂိုးရနိုင်မည့်အခွင့်အရေးနှစ်ကြိမ်၊ သုံးကြိမ်ခန့်ရှိခဲ့သော်လည်းဂိုးဖြစ်အောင် အသုံးမချနိုင်ခဲ့ကြောင်း၊ ကမ္ဘာ့ဖလားမှခြေ စွမ်းမျိုးမပြနိုင်ပါက မည်သည့်အသင်းကစားသည်ဖြစ်စေ ခက်ခဲလိမ့်မည်ဖြစ်ကြောင်းပြောခဲ့သည်။


အခြားတစ်ဖက်တွင် ခရိုအေးရှားနှင့်ပွဲ၌ စပိန်အသင်းအတွက် ကိုယ်တိုင်တစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အပြင် ဂိုးဖန်တီးမှုလည်း သုံးကြိမ်ပြုလုပ်နိုင်ခဲ့သော ရီးရဲလ်ကွင်း လယ်လူအဆန်စီယိုက မိမိအနေဖြင့် ရီးရဲလ်ကိုစွန့်ခွာရန် မည်သည့်အခါကမှမစဉ်းစားခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ အဆန်စီယိုက ''ကျွန်တော့်အနေနဲ့ တခြားနေရာကိုသွားချင်တဲ့စိတ် ဘယ်တုန်းကမှမဖြစ်ခဲ့ပါဘူး။ အခုရာသီဟာ အသင်းနဲ့တတိယမြောက်ရာသီဖြစ်ပြီး ခြေစွမ်းတိုးတက်မှုကို ဆက်လက်တည်ဆောက်ရဦးမယ့်ရာသီ အဖြစ် ရှုမြင်ထားပါတယ်''ဟုဆိုခဲ့သည်။ အဆန်စီယိုသည် ၂ဝ၁၄ တွင် မာယော့ကာမှ ရီးရဲလ်သို့ ရောက်လာခဲ့သူဖြစ်ပြီး လာလီဂါတစ်ကြိမ်၊ ချန်ပီယံလိဂ်နှစ်ကြိမ်ရယူနိုင်ခဲ့ပြီး နွေရာသီတွင် လီဗာပူးသို့ပြောင်း ရွှေ့မည့်သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။


KKW

#democracytoday

Rate this item
(0 votes)
back to top