HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

နည်းပြဘဝစတင်ရာ ဘာစီလိုနာ-ဘီအသင်း၌ ဂွါဒီယိုလာ အဆုံးသတ်လို  

နည်းပြဘဝစတင်ရာ ဘာစီလိုနာ-ဘီအသင်း၌ ဂွါဒီယိုလာ အဆုံးသတ်လို   

မန်စီးတီးနည်းပြဂွါဒီယိုလာက နည်းပြ ဘဝနှောင်းပိုင်းကို လူငယ်အသင်းများတွင် အဆုံးသတ်ရန်ရည်ရွယ်ပြီး နည်းပြဘဝစတင် ရာ ဘာစီလိုနာ-ဘီအသင်းတွင် နောက်ဆုံး တာဝန်ယူရန်မျှော်လင့်ကြောင်းပြောခဲ့သည်။ ၄၇ နှစ်အရွယ်ရှိပြီဖြစ်သော ဂွါဒီယိုလာ သည် ၂ဝဝ၇ ခုနှစ်တွင် ဘာစီလိုနာ-ဘီ အသင်းကိုတာဝန်ယူခြင်းဖြင့် နည်းပြဘဝကို စတင်ခဲ့ပြီး တစ်နှစ်အကြာတွင် ရစ်ကတ် ထွက်ခွာသွားသော ဘာစီလိုနာအသင်းကြီး နည်းပြရာထူးကို ရယူနိုင်ခဲ့သည်။

ဂွါဒီယိုလာက ''ကျွန်တော့်အသင်း တိုင်းက ကျွန်တော်အလိုရှိတဲ့အတိုင်း ကြိုး စားကစားကြပါတယ်။ ကျွန်တော့်ရဲ့နည်းပြ ဘဝနောက်ဆုံးအဆင့်တွေက လူငယ်အသင်း တွေနဲ့ဖြစ်လာဖို့ရည်မှန်းထားပြီး နည်းပြဘဝ အစပြုခဲ့ရာနေရာမှာ ပြန်လည်အဆုံးသတ်ဖို့ တွေးထားပါတယ်။ ဘာစီလိုနာလူငယ်အ သင်းမှာ အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ပါ တယ်''ဟု ပြောကြားခဲ့သည်။ 

KKW

 #democracytoday

Rate this item
(0 votes)
back to top