HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

တားမြစ်ဆေး သုံးစွဲခြင်း ရှိ၊ မရှိ ချီရှီရှက်ဗ် စစ်ဆေးခံရ

တားမြစ်ဆေး သုံးစွဲခြင်း ရှိ၊ မရှိ ချီရှီရှက်ဗ်  စစ်ဆေးခံရ

ဗလင်စီယာကွင်းလယ်လူ ချီရီရှက်ဗ်သည် ဗီလာရီးရဲလ်တွင် ကစားခဲ့စဉ်က ဒဏ်ရာမှသက်သာ စေရန် ဟော်မုန်းဆေးတစ်မျိုး ထိုး နှံခဲ့ကြောင်းပြောဆိုခဲ့သည့် ဖခင် ဖြစ်သူကြောင့် တားမြစ်ဆေးသုံးစွဲ ခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများ ခံယူနေရကြောင်း သိရသည်။

ချီရှီရှက်ဗ်သည် ကမ္ဘာ့ဖလား မတိုင်မီ ဒဏ်ရာမှအမြန်သက် သာလာစေရန် ဟော်မုန်း ဆေးတစ်မျိုးကို ထိုးနှံခဲ့ ကြောင်း ¤င်း၏ဖခင် ဒီမီထရီ၏ပြောကြား ချက်ကို သတင်းစာ တစ်စောင်ကဖော်ပြ ခဲ့အပြီးတွင် တားမြစ် ဆေးသုံးစွဲခြင်း ရှိ၊ မရှိ စုံစမ်းစစ် ဆေးမည်ဟု စပိန်တားမြစ်ဆေး တိုက်ဖျက်မှုအေဂျင်စီက ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

 

ချီရှီရှက်ဗ်၏လက်ရှိကလပ် ဗလင်စီယာမှာ အထွေထွေဒါရိုက် တာ အလီမာနီကမူ ယခုစုံစမ်းစစ် ဆေးမှုနှင့်ပတ်သက်၍ အသင်းကို တစ်စုံတစ်ရာအကြောင်းကြားခြင်း မရှိဘဲ ကစားသမား၏ဖခင်ပြော ဆိုမှုကို အဓိပ္ပာယ်ကောက်လွဲမှား ခြင်းသာဖြစ်မည်ဟု ထင်မြင်မိ ကြောင်း ပြောဆိုခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top