HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

မာနေးကို ဘောလုံးသမားထက် ကျောင်းဆရာဖြစ်ရန် မိဘများ အလိုရှိခဲ့  

မာနေးကို ဘောလုံးသမားထက် ကျောင်းဆရာဖြစ်ရန် မိဘများ အလိုရှိခဲ့   

လီဗာပူးတိုက်စစ်မှူးမာနေးက မိမိ ကို မိဘများက ဘောလုံးသမားတစ်ဦး အဖြစ် အသက်မွေးရန်အလိုမရှိခဲ့ဘဲယင်း မှာ အချိန်ဖြုန်းခြင်းသက်သက်သာဖြစ်မည် ဟုယူဆထားခဲ့ကြကြောင်း ပြောခဲ့သည်။ မာနေးသည် လက်ရှိလီဗာပူးတိုက် စစ်တွင် ဆာလက်၊ ဖာမီနိုတို့နှင့်အတူ အရေးပါသောကစားသမားဖြစ်နေသော် လည်း ¤င်း၏မိဘများမှာ ¤င်းကို ဘော လုံးသမားတစ်ဦးထက် ကျောင်းဆရာ တစ်ဦးအဖြစ်သာ မြင်တွေ့လိုကြောင်း ဖွင့်ဟခဲ့သည်။

မာနေးက ''ပြိုင်ပွဲကြီးကစားဖူးတဲ့ ဘောလုံးသမားတစ်ယောက် ဘယ် တုန်းကမှ မရှိခဲ့ဖူးတဲ့ရွာတစ်ရွာမှာ ကျွန်တော်မွေးဖွားလာခဲ့တာပါ။ ကျွန် တော်ငယ်စဉ်မှာ မိဘတွေက ကျွန် တော့်ကို ကျောင်းဆရာဖြစ်စေချင်ခဲ့ တာကို မှတ်မိနေပါသေးတယ်။ ဘောလုံးကစားတာက အချိန် ဖြုန်းခြင်းသာဖြစ်ပြီး အောင်မြင် မှာမဟုတ်ဘူးလို့ သူတို့ထင်ခဲ့ကြပါ တယ်။ ဒါပေမဲ့ မိဘတွေကိုကူညီဖို့ ဒီနည်းလမ်းတစ်ခုပဲရှိတဲ့အပြင် ဘောလုံး သမားဖြစ်မယ့်အခွင့်အရေးလည်း ကျွန် တော့်မှာရှိတယ်လို့ သူတို့ကိုအမြဲပြောဖြစ် ခဲ့ပါတယ်။ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကိုလက်မှတ်ထိုးတဲ့အချိန်အထိ ကျွန်တော့်မိဘတွေက သူတို့ရဲ့ခံယူချက် ကိုကိုင်စွဲခဲ့ကြပါတယ်''ဟု ပြောခဲ့သည်။


မာနေးသည် ၂ဝ၁၁ တွင် ပြင်သစ် ကလပ်မက်ဇ်နှင့် ပထမဆုံးပရော်ဖက်ရှင် နယ်စာချုပ်ချုပ်ဆိုခဲ့ပြီး ယင်းနောက်တွင် ဆဲလ်ဘတ်၊ ဆောက်သမ်တန်တို့မှ တစ် ဆင့် လီဗာပူးသို့ရောက်ခဲ့ကာ နောက်ဆုံး တွင် ဘောလုံးသမားဘဝရွေးချယ်မှုကို မိဘများက လက်ခံသွားကြောင်းဆိုခဲ့သည်။ အခြားတစ်ဖက်တွင် လီဗာပူးကွင်း လယ်လူရှာကွီရီက အသင်းအနေဖြင့် ၁၉၉ဝ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အမှတ်ပေးချန်ပီယံဆုကိုရယူနိုင် ရန် အသင်းဟောင်းဘိုင်ယန်ကဲ့သို့ စိတ် ဓာတ်မျိုးလိုကြောင်း ပြောခဲ့သည်။


ရှာကွီရီက ''ဆုဖလားတွေအ တွက် ရည်မှန်းကစားတဲ့ပန်းတိုင် မျိုး လီဗာပူးမှာရှိသင့်ပါတယ်။ အ သင်းကြီးတစ်သင်းပီပီ ဆုဖလား တွေရယူချင်တဲ့ ပန်းတိုင်တစ်ခုရှိ သင့်ပါတယ်။ ဘိုင်ယန်မှာကစားခဲ့ တုန်းက ဒီလိုစိတ်ဓာတ်မျိုးကိုမြင် တွေ့ခဲ့ရတာကြောင့် လီဗာပူး အနေနဲ့လည်း ဘိုင်ယန်ကိုအတုယူ သင့်ပါတယ်''ဟု ဆိုခဲ့သည်။ ရှာကွီရီသည် ဘိုင်ယန်တွင် ကစားစဉ်က ဘွန်ဒက်စ်လီဂါနှစ် ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်၊ ဥရော ပစူပါဖလား တစ်ကြိမ်၊ ဂျာ မန်စူပါဖလား နှစ်ကြိမ်နှင့် ကလပ်ကမ္ဘာ့ဖလား တစ်ကြိမ်ရယူနိုင်ခဲ့သည်။

KKW

 #democracytoday

Last modified onFriday, 14 September 2018 12:35
Rate this item
(0 votes)
back to top