HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ပရီးမီးယားလိဂ် ဂိုး ၁ဝဝ ပြည့်ရန် ဒရော့ဘာထံမှ နေ့စဉ်နီးပါး အကြံဥာဏ် ရယူခဲ့ရကြောင်း လူကာကူ ပြောကြား  

ပရီးမီးယားလိဂ် ဂိုး ၁ဝဝ ပြည့်ရန် ဒရော့ဘာထံမှ  နေ့စဉ်နီးပါး အကြံဥာဏ် ရယူခဲ့ရကြောင်း လူကာကူ ပြောကြား   

မန်ယူတိုက်စစ်မှူးလူကာကူက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုး ၁ဝဝ မြောက်သွင်းဂိုးမှတ်တိုင်းရောက်ရှိရန်အတွက် ချဲလ်ဆီးဂန္ထဝင် ကစားသမားဒရော့ဘာထံမှ နေ့စဉ်နီးပါးဆွေးနွေးကာ အကြံဥာဏ်များရယူခဲ့ရကြောင်း ဝန်ခံပြောကြားသွားခဲ့သည်။

လူကာကူသည် ချဲလ်ဆီး၊ ဝက်စ်ဘရွန်း၊ အဲဗာတန်၊ မန်ယူတို့ နှင့်အတူသွင်းယူခဲ့သည့် ပရီးမီးယားလိဂ်ဂိုး ၁ဝဝ မှာ ပြီးခဲ့သည့် ရာသီက ဆွမ်ဆီးနှင့်ပွဲတွင်ပြည့်မြောက်ခဲ့ပြီး ယင်းသို့အောင်မြင်မှု မှတ်တိုင်ရရှိရန် ဒရော့ဘာက အဓိကနေရာမှအကြံဥာဏ်များပေးခဲ့သည်ဟုဆိုသည်။ 

လူကာကူက ''ပရီးမီးယားလိဂ်ဂိုး ၁ဝဝ ပြည့်ဖို့ ဖြတ်သန်းခဲ့ရ တဲ့ခရီးလမ်းက တကယ့်ကိုကောင်းမွန်ခဲ့ပါတယ်။ အများကြီးသင်ယူ ခဲ့ရသလို တိုးတက်မှုတွေလည်းအများကြီးရခဲ့ပါတယ်။ ဒီထက်လည်း ဂိုးတွေပိုသွင်းနိုင်ဖို့မျှော်လင့်ထားတယ်။ ကျွန်တော့်ရဲ့ ဂိုး ၁ဝဝ ပြည့် ဖို့ခရီးမှာ ဒရော့ဘာက ပထမဆုံးနေ့ကနေ အခုထိအကူအညီပေးခဲ့တယ်။ သူနဲ့ နေ့တိုင်းနီးပါးစကားတွေပြောပြီး အကြံဥာဏ်တွေရ ယူခဲ့ရတာပါ''ဟု ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top