HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ရာဇဝတ်ကောင် တစ်ဦးကဲ့သို့ ရေးသားဖော်ပြနေသည့် မီဒီယာများကို မော်ရင်ဟို ဝေဖန်၊ အသင်း၏ အားနည်းချက်များကို ထုတ်ပြောခဲ့သည့် မော်ရင်ဟို ကို ရီယိုဖာဒီနန် အပြစ်တင်

ရာဇဝတ်ကောင် တစ်ဦးကဲ့သို့ ရေးသားဖော်ပြနေသည့် မီဒီယာများကို မော်ရင်ဟို ဝေဖန်၊  အသင်း၏ အားနည်းချက်များကို ထုတ်ပြောခဲ့သည့် မော်ရင်ဟို ကို ရီယိုဖာဒီနန် အပြစ်တင်

နယူးကာဆယ်ကို အိမ်ကွင်းတွင် ဝ-၂ ဖြင့်အရေးနိမ့်နေရာမှာ ၃-၂ ဖြင့်ပြန်လည် အနိုင်ယူနိုင်ခဲ့ပြီးနောက် မန်ယူနည်းပြမော်ရင်ဟိုက ၎င်းအား ရာဇဝတ်ကောင်တစ်ဦး သဖွယ်ရေးသားဖော်ပြမှုကို ဝေဖန်သွားခဲ့သည်။

မန်ယူနည်းပြမော်ရင်ဟိုသည် အသင်း၏ရလဒ်ဆိုးများကြောင့် ဖိအားများဖြင့်ရင် ဆိုင်နေရခြင်းဖြစ်ပြီး နည်းပြရာထူးမှမကြာမီ ထုတ်ပယ်ခံရတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့ရာတွင် အဆိုပါသတင်းများကို မန်ယူအသင်းက နယူးကာဆယ်နှင့်ပွဲမတိုင်မီတွင် တရာဝင်ငြင်းဆိုခဲ့သည်။ မန်ယူအသင်းသည် နယူးကာဆယ်ကို အနိုင်ရရှိခဲ့ပြီးနောက် ပြိုင်ပွဲစုံ လေးပွဲဆက် နိုင်ပွဲပျောက်မှုကိုရပ်တန့်နိုင်ခဲ့ပြီး အဆိုပါပွဲအပြီး၌ မော်ရင်ဟိုက ''ဒီမနက် ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကပြောတယ်။ လန်ဒန်မှာမိုးရွာလည်း ကျွန်တော့်အမှား၊ Brexit ကြောင့် အခက်အခဲတွေ့လည်းကျွန်တော့်အမှားပဲတဲ့။ ကျွန်တော့်ကို ရာဇဝတ်ကောင်လိုမြင်နေကြတယ်။ ကျွန်တော့်အသက် ၅၅ နှစ်ရှိပြီ။ ဘောလုံးလောကရဲ့ရာဇဝတ်ကောင်ကိုပထမဆုံးမြင်ဖူးတာပဲ''ဟု မီဒီယာများကို ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍မော်ရင်ဟိုက မန်ယူလူငယ်ကစားသမားများ၏ ရင့်ကျက်မှုအား နည်းခြင်းကိုလည်းရှင်းပြသွားခဲ့သည်။ မော်ရင်ဟိုက ''ကျွန်တော်က ကိုယ့်အသက်အရွယ်နဲ့ကိုယ် ရင့်ကျက်ပြီးသားပါ။ ဒါပေမဲ့ အသင်းက လူငယ်အချို့ကတော့ ရင့်ကျက်မှု မရှိကြသေးဘူး။ ပွဲစကတည်းက ဒူးတုန်နေကြတယ်။ တချို့အချိန်တွေမှာဆို ကိုယ့်ဂိုးကိုယ်ပြန်သွင်းမလားတောင် စိုးရိမ်ရတယ်။ ရက်ရှ်ဖို့ဒ်ဆိုရင် ကွင်းထဲမှာဝမ်းနည်းပြနေတယ်။ မက်တွမ်နေးဆိုရင်လည်း ကြောက်လန့်နေတယ်''ဟု ပြောသွားခဲ့ခြင်းဖြစ်သည်။


ထိုကဲ့သို့ မန်ယူအသင်း၏အားနည်းချက်များကို မော်ရင်ဟိုအသေးစိတ်ရှင်းပြခဲ့ ခြင်းနှင့်ပတ်သက်၍ မန်ယူကစားသမား ဟောင်း ရီယိုဖာဒီနန်က ထိပ်တန်းနည်းပြ တစ်ဦးအနေဖြင့် အသင်း၏အားနည်းချက်များကို ထိုကဲ့သို့အသေးစိတ်ထုတ်မပြောသင့်ကြောင်းဝေဖန်ပြောဆိုခဲ့သည်။ သတင်းများ၏ဖော်ပြချက်အရ မန်ယူနည်းပြမော် ရင်ဟိုသည် နယူးကာဆယ်ကိုအနိုင်ရသော ပွဲအပြီးတွင် ကင်မရာတည့်တည့်ကြည့်ကာ ပေါ်တူဂီဘာသာစကားဖြင့် ''ခွေးမသား''ဟု ဆဲဆိုခဲ့ကြောင်းလည်းသိရသည်။ 

KKW

#democracytoday

Rate this item
(0 votes)
back to top