HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

လေးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့သော်လည်း နည်းပြ လိုပီတီဂွီအပေါ် ယုံကြည်မှုရှိရန် ရာမို့စ် တောင်းဆို

လေးပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့သော်လည်း နည်းပြ လိုပီတီဂွီအပေါ် ယုံကြည်မှုရှိရန် ရာမို့စ် တောင်းဆို

အလာဗက်စ်အား စနေနေ့ ကအရေးနိမ့်ကာ ပြိုင်ပွဲစုံလေးပွဲ ဆက်နိုင်ပွဲပျောက်ခဲ့ရသော်လည်း ရီးရဲလ်မက်ဒရစ်အသင်းခေါင်း ဆောင် ဆာဂျီယိုရာမို့စ်က နည်းပြ လိုပီတီဂွီကို ရာထူးကမထုတ်ပယ်ဘဲ ဆက်လက်ယုံကြည်ထားရန် အသင်းအားတိုက်တွန်းပြောဆိုလိုက်သည်။

ရီးရဲလ်မက်ဒရစ်အသင်းသည် ယခုလက်ရှိတွင် ဒဏ်ရာ ပြဿနာများဖြင့်ရင်ဆိုင်နေရပြီး နောက်ဆုံးကစားခဲ့သည့် လေးပွဲတွင် အက်သလက်တီကိုတစ်သင်းတည်းကိုသာသရေကျပြီး ဆီဗီလာ၊ CSKA မော်စကို၊ အလာဗက်စ်တို့ကို အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ လေးပွဲဆက်နိုင်ပွဲ ပျောက်ဆုံးမှုကြောင့် ပရိသတ်များက နည်းပြလိုပီတီဂွီအပေါ် စိတ်ပျက်နေကြသော်လည်း

 

အသင်း ခေါင်းဆောင်ရာမို့စ်က ''အသင်းကရလဒ်ဆိုးလာပြီဆိုရင် လူတိုင်းက အဲဒီလို နည်းပြကိုထုတ်ပယ်တတ်ကြပေမယ့် ကောင်းမွန်တဲ့ ဖြေရှင်းနည်းတော့မဟုတ်ပါဘူး။ ဒါဟာ ရူးသွပ်တဲ့ကိစ္စတစ်ခုပါ။ ကျွန်တော်တို့ဆက်သွားဖို့ အများ ကြီးရှိပါသေးတယ်။ ဘောလုံးရာ သီကအရှည်ကြီးပါ''ဟု ပြောသွား ခဲ့ခြင်းဖြစ်သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top