HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အမ်ဘာပီနှင့် ပီအက်စ်ဂျီတို့ စံချိန်သစ်များ ထပ်တင်

အမ်ဘာပီနှင့် ပီအက်စ်ဂျီတို့ စံချိန်သစ်များ ထပ်တင်

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပီသည် လိုင်ယွန်ကို ၅-ဝဖြင့် အနိုင်ရခဲ့သောပွဲတွင် တစ်ဦးတည်း လေးဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် စံချိန်သစ်များရေးထိုးနိုင်ခဲ့သည်။ အမ်ဘာပီသည် အဆိုပါပွဲတွင် နေမာ အဖွင့်ဂိုးသွင်းယူနိုင်စေရန် ပင်နယ်တီရရှိ စေခဲ့သည့်အပြင် ဒုတိယပိုင်းတွင် ကိုယ်တိုင် လေးဂိုးသွင်းယူနိုင်ခဲ့ရာ၌ အချိန် ၁၃မိနစ်အတွင်း သွင်းယူနိုင်ခဲ့ခြင်းဖြစ်ရာ ပြီးခဲ့ သော ၄၅ရာသီအတွင်း လီဂူးပွဲစဉ်တစ်ခု၌ အနည်းဆုံးအချိန်တစ်ခုအတွင်း လေးဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမား ဖြစ်ခဲ့သည်။

ထို့အပြင် အသက် ၁၉နှစ်နှင့် ၉လ အရွယ်တွင် ပြီးခဲ့သော ၄၅ ရာသီအတွင်း လီဂူးပွဲစဉ်တစ်ခု၌ လေးဂိုးသွင်းယူနိုင်သော အသက်အငယ်ဆုံးကစားသမားအဖြစ် အမ်ဘာပီစံချိန်တင်ခဲ့သည်။ အလားတူ ပီအက်စ်ဂျီအသင်းမှာလည်း လီဂူးသမိုင်းတစ် လျှောက် ရာသီအစတွင် ကိုးပွဲစလုံး အနိုင်ရခဲ့သောအသင်းအဖြစ် မှတ်တမ်းသစ်တင်နိုင်ခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top