HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

မပျော်မရွှင် ဖြစ်နေသော်လည်း နည်းပြနှင့် ပြဿနာမရှိဟု ဗီဒဲလ် ရှင်းလင်း

မပျော်မရွှင် ဖြစ်နေသော်လည်း နည်းပြနှင့် ပြဿနာမရှိဟု ဗီဒဲလ် ရှင်းလင်း

ဘာစီလိုနာကွင်းလယ်လူ ဗီဒဲလ်က ပုံမှန်ကစားခွင့်ပျောက်ဆုံးနေခြင်းကြောင့် မပျော်မရွှင်ဖြစ် နေသော်လည်း မိမိနှင့်နည်းပြဗဲလ် ဗာဒီတို့အကြား ပြဿနာတစ်စုံ တစ်ရာမရှိကြောင်းဆိုခဲ့သည်။ ဗီဒဲလ်သည် စပါးနှင့်ချန်ပီယံလိဂ်ပွဲတွင် အရန်အဖြစ်သာရှိခဲ့ပြီး နောက် လူမှုမီဒီယာတွင်ဒေါသထွက်နေသည့်ရုပ်ပုံတင်ခဲ့အပြီး၌ ဗလင်စီယာနှင့်ပွဲလူစာရင်းမှ ချန်လှပ်ခံခဲ့ရရာ နည်းပြဗဲလ်ဗာဒီနှင့် မကျေလည်မှုများရှိနေပြီဟု ခန့် မှန်းသတင်းများရှိလာခဲ့သည်။

သို့ရာတွင်ဗီဒဲလ်က ''ကျွန် တော့်အနေနဲ့ မပျော်မရွှင်ဖြစ်နေ တာမှန်ပေမယ့် နည်းပြနဲ့ပြဿနာရှိနေတာမဟုတ်ပါဘူး။ ကမ္ဘာ့အ ကောင်းဆုံးအသင်းတွေမှာ ကစားဖူးသလို အမြဲတမ်းတိုက်ပွဲဝင်နေတဲ့ ကျွန်တော့်အတွက် ပွဲကစားခွင့်မရတဲ့အချိန်မှာ မပျော်ရွှင်နိုင်ပါဘူး။ ဒါပေမဲ့ နည်းပြနဲ့ပြဿနာရှိတယ်ဆိုရင် မျက်နှာချင်းဆိုင်ဆွေးနွေးသွားမှာပါ''ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top