HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

စီရော်နယ်ဒိုမှာ အစားထိုးရန် ခက်ခဲသော ကစားသမားမျိုးဟု ပါရာတီဆီ ပြောဆို

စီရော်နယ်ဒိုမှာ အစားထိုးရန် ခက်ခဲသော ကစားသမားမျိုးဟု  ပါရာတီဆီ ပြောဆို

ဂျူဗင်တပ်အားကစား ဒါရိုက်တာ ပါရာတီဆီက စီ ရော်နယ်ဒိုမှာ အစားထိုးရန် ခက်ခဲသောကစားသမား မျိုးဖြစ်ပြီး ၎င်းကိုယ်တိုင်က အသင်းသို့ပြောင်းရွှေ့လိုခဲ့ခြင်းမှာ မိမိတို့အတွက် အားသာချက် ဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

စီရော်နယ်ဒိုသည် နွေရာသီတွင် ရီးရဲလ်မှ ဂျူဗင်တပ်သို့ ယူရိုသန်း ၁ဝဝ ဖြင့်ရောက်လာခဲ့သူဖြစ်ပြီး ၎င်းမရှိချိန်တွင် ရီးရဲလ်မှာ လာလီဂါတွင် အဆင့်-၄ နေရာရောက်သည်အထိ ရုန်းကန်နေရပြီး ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး လေးပွဲဆက်နိုင်ပွဲပျောက်ခဲ့ သည့်အပြင် ဂိုးပေါက်လည်း ပျောက်ဆုံးနေခဲ့သည်။

 

ပါရာတီဆီက ''စီရော်နယ်ဒိုက သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားလို့ဆိုနိုင်တဲ့အတွက် သူ့နေရာကိုအစားထိုးဖို့ဆိုတာ ခက်ခဲပါတယ်။ သူ့ကိုခေါ်ဖို့ ဆွေးနွေးမှုတွေစလုပ်ခဲ့ချိန်မှာကတည်းက သူကိုယ်တိုင်က အသင်းမှာလာကစားချင်ခဲ့တာ ကျွန်တော်တို့အတွက် အားသာချက်ဖြစ်ခဲ့ပါတယ်။ ရီးရဲလ်ဟာ သူနဲ့လူကြီးလူ ကောင်းဆန်တဲ့သဘောတူညီမှုရှိတဲ့အတွက် ညှိနှိုင်းမှုစတင်နိုင်ခဲ့ပါတယ်''ဟုပြောကြားခဲ့သည်။

KKW

 #democracytoday

Rate this item
(0 votes)
back to top