HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးအတွက် စီးရီးစီဥက္ကဋ္ဌ ဂရာဗီနာ ရေပန်းအစားဆုံးဖြစ်

အီတလီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာထူးအတွက် စီးရီးစီဥက္ကဋ္ဌ ဂရာဗီနာ ရေပန်းအစားဆုံးဖြစ်

ရိုးမား

၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျရှုံးခဲ့ခြင်းကြောင့် အသစ်ပြန်လည်ဖွဲ့စည်းထားသည့် အီတလီဘောလုံးအဖွဲ့ချုပ်အတွက် ဥက္ကဋ္ဌသစ် ရွေးချယ်ရာတွင် စီးရီးစီ(လီဂါပရို)၏ ဥက္ကဋ္ဌဖြစ်သူ ဂရာဗီနာက ရေပန်း အစားဆုံးဖြစ်နေခဲ့ကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။

ယခင်ဥက္ကဋ္ဌဟောင်းဖြစ်သူ တာဗက်ချီယိုသည် ၎င်းလက်ထက်တွင် အဆိုးရွားဆုံးအခြေအနေအဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျရှုံးခဲ့ ခြင်းအပေါ် တာဝန်ယူသည့်အနေဖြင့် ရာထူးမှနုတ်ထွက်ခဲ့ပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူအချို့ပါ ရာထူးမှ ထွက်ခွာခဲ့ ခြင်းများကြောင့် လက်ရှိအချိန်တွင် ယာယီဥက္ကဋ္ဌအဖြစ် ရော်ဘတ်တို ဖာဘရစ်စီနီက တာဝန်ယူလျက်ရှိနေခဲ့သည်။


အဆိုပါ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရွေးချယ်ပွဲအား လာမည့် အောက်တိုဘာ ၂၂ ရက်တွင် အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများ၊ အမှုဆောင်အရာရှိများအကြား ရွေးချယ်မှုပြုလုပ်မည်ဖြစ်ပြီး ယင်းထဲတွင်မှ စီးရီးစီဥက္ကဋ္ဌ ဂရာဗီနာက အများ၏နှစ်ခြိုက်ခြင်းကို ခံနေရပြီး ဥက္ကဋ္ဌသစ်ရာထူးအတွက် အထိုက်တန်ဆုံးသူဖြစ်ကြောင်း သတင်းဖော်ပြမှုများ ရှိနေခဲ့ခြင်းလည်းဖြစ်သည်။

WKM

#theyangontimes

Rate this item
(0 votes)
back to top