HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ရွှေဘောလုံးဆု အိပ်မက်ကြောင့် စပိန်တွင် သွားကစားချင်ကြောင်း ဟာဇက် ဖွင့်ဟ၊ ဆိုးသွမ်း ပရိသတ်များအား အော့ဇ်ဝှစ် အကျဉ်းထောင်သို့ ပညာပေးခရီး ပို့ဆောင်ပေးရန် ချဲလ်ဆီး စီစဉ်

ရွှေဘောလုံးဆု အိပ်မက်ကြောင့် စပိန်တွင် သွားကစားချင်ကြောင်း ဟာဇက် ဖွင့်ဟ၊ ဆိုးသွမ်း ပရိသတ်များအား အော့ဇ်ဝှစ် အကျဉ်းထောင်သို့ ပညာပေးခရီး ပို့ဆောင်ပေးရန် ချဲလ်ဆီး စီစဉ်

ဘယ်လ်ဂျီယံအသင်းမှ တောင်ပံကစားသမားဖြစ်သူ အီဒင်ဟာဇက်က ၎င်းအနေဖြင့် ရွှေဘောလုံးဆုရယူနိုင်ရန် စပိန်သို့ပြောင်းရွှေ့ကစားလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ဟာဇက်သည် ပြီးခဲ့သည့်နွေရာသီ ဈေးကွက်ကာလအတွင်း ရီးရဲလ်သို့ ပြောင်းရွှေ့ကစားလိုကြောင်း ဝန်ခံပြောကြားထားသော်လည်း ကမ်းလှမ်းမှုမရခဲ့သောကြောင့် ပြောင်းရွှေ့ခွင့်မရခဲ့ပေ။

သို့ရာတွင်ဟာဇက်က စပိန်သို့ပြောင်းရွှေ့ကစားခွင့်ရရေးမှာ မိမိ၏ အိပ်မက်တစ်ခုဖြစ်ကြောင်း ဆွစ်ဇာလန်နှင့် ကစားမည့်ဥရောပနိုင်ငံများလိဂ်ပြိုင်ပွဲမတိုင်မီထုတ် ပြောခဲ့ခြင်းဖြစ်သည်။  ဟာဇက်က ''စပိန်မှာသွား ကစားချင်တဲ့အကြောင်းရင်းက ရွှေဘောလုံးဆုလိုချင်တာကြောင့်လည်းပါပါတယ်။ ဒါပေမဲ့ အခုလာမယ့် ဇန်နဝါရီတော့မဟုတ်သေးပါဘူး''ဟုဆိုသည်။ အခြားသတင်းတစ်ရပ်အနေဖြင့် ချဲလ်ဆီးအသင်းသည် ဆိုးသွမ်းပရိသတ်များအား ပွဲကြည့်ခွင့်ပိတ်ပင်မှုအစား ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတို့၏ ညှဉ်းပန်းနှိပ်စက်ရာ အော့ဇ်ဝှစ်အကျဉ်းထောင်သို့ ပညာပေးခရီးစဉ်ပို့ဆောင်ပေးရန်စီစဉ်နေကြောင်း သိရသည်။ 

 

အော့ဇ်ဝှစ်အကျဉ်းထောင်သည် ကမ္ဘာ့သမိုင်းတွင် နာဇီတို့၏ အရက်စက်ဆုံးအကျဉ်းထောင်တစ်ခုဖြစ်ပြီး အဆိုပါအကျဉ်း ထောင်တွင် ဂျူးလူမျိုးများသန်းနှင့်ချီကာ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

KKW

#democracytoday

Rate this item
(0 votes)
back to top