HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဗာမေလန်၏ ဒဏ်ရာကြောင့် ဗဟိုခံစစ်တွင် ဘာစီလိုနာ အားနည်းနေ

ဗာမေလန်၏ ဒဏ်ရာကြောင့် ဗဟိုခံစစ်တွင် ဘာစီလိုနာ အားနည်းနေ

ဘာစီလိုနာနောက်ခံလူ ဗာမေလန်သည် ဘယ်လ်ဂျီယံအတွက်ကစား စဉ်ရရှိခဲ့သော ဒဏ်ရာအခြေအနေ ကြောင့် သီတင်းပတ်အတန်ကြာအနားယူရမည်ဖြစ်ရာ ဘာစီလိုနာတွင် ကြံ့ခိုင်မှုပြည့်ဝသော ဗဟိုခံစစ်မှူးနှစ် ဦးသာရှိနေကြောင်းသိရသည်။ ဗာမေလန်သည် ဆွစ်ဇာလန်ကို ၂-၁ဖြင့်အနိုင်ရခဲ့သောပွဲတွင် တင်ပါးဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး အမ်တီတီနှင့်အတူ ကာလအတန်ကြာအနားယူရ မည်ဖြစ်ရာ ဘာစီလိုနာတွင်ကြံ့ခိုင်မှု ပြည့်ဝသော ဗဟိုနောက်ခံလူအဖြစ် ပီကေးနှင့် လန်ဂလက်တို့သာရှိတော့ မည်ဖြစ်သည်။

ဗာမေလန်သည် ၂ဝ၁၄ တွင် ဘာစီလိုနာသို့ရောက်လာပြီးကတည်းက ဒဏ်ရာများနှင့်ရုန်းကန်ခဲ့ရသလို ယခုနှစ်ရာသီတွင်လည်း လာလီဂါ၌ နှစ်ပွဲသာပွဲထွက်ခွင့်ရထားသည်။ ဘာစီလိုနာသည် လာမည့်သီတင်းပတ်တွင် ဇယားထိပ်မှဆီဗီလာနှင့်ရင်ဆိုင် ရမည်ဖြစ်ရာ နောက်ခံလူ ဗာမေလန် အနားယူရမည့်သတင်းက ထိုးနှက်မှု ဖြစ်စေခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top