HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

စံချိန်တင် စပွန်ဆာ သဘောတူညီမှုအရ ပေါင်သန်း ၉၅ဝ အထိ ရီးရဲလ် ရရှိမည်

စံချိန်တင် စပွန်ဆာ သဘောတူညီမှုအရ ပေါင်သန်း ၉၅ဝ အထိ ရီးရဲလ် ရရှိမည်

ရီးရဲလ်အသင်းသည် ကွင်းအတွင်းရလဒ်ဆိုးများကြောင့် နည်းပြအပြောင်းအလဲပြုလုပ်သည်အထိဖြစ်ခဲ့ရသော်လည်း ကွင်းပြင်ပတွင် စံချိန်တင်စပွန်ဆာ သဘောတူညီမှုအရ ပေါင်သန်း ၉၅ဝ အထိရရှိလာမည်ဖြစ်ကြောင်း သိရသည်။

စပိန်သတင်းစာ Marca ၏ ဖော်ပြချက်အရ ရီးရဲလ်နှင့် အားကစားပစ္စည်းကုမ္ပဏီ Marca တို့ မှာ ၎င်းတို့အကြား စပွန်ဆာသ ဘောတူညီမှုကို ၂ဝ၂၈ ခုနှစ်အထိ သက်တမ်းတိုးရန် သဘောတူညီခဲ့ကြပြီး ယခု ၁ဝ နှစ်စာချုပ်အရ ရီးရဲလ်အနေဖြင့် ပေါင်သန်း ၉၅ဝ အထိရရှိမည်ဖြစ်ကြောင်းသိရသည်။


လက်ရှိတွင် ၂ဝ၁၃ ခုနှစ်က Marca နှင့် လက်မှတ်ရေးထိုး ထားသော မန်ယူအသင်းမှာ ပေါင် သန်း ၇၅ဝ ဖြင့် အမြင့်ဆုံးစပွန်ဆာ ရရှိထားရာ ရီးရဲလ်၏ စပွန်ဆာသ ဘောတူညီမှုကို တရားဝင်ကြေညာခဲ့ပါက မန်ယူထက်ပိုမိုများပြားသော စံချိန်တင်စပွန်ဆာတစ်ရပ်ဖြစ်လာ မည်ဖြစ်သည်။ ရီးရဲလ်သည် Marca နှင့် လက်တွဲလာခဲ့သည်မှာ ၁၉၉၈ခု နှစ်ကတည်းကဖြစ်ပြီး လက်ရှိအ ချိန်အထိ လာလီဂါနှင့် ချန်ပီယံ လိဂ်ဆုဖလားများကို ခြောက်ကြိမ် စီရယူထားနိုင်ခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top