HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ပေါ့ပီပန်း မဝတ်ဆင်ခဲ့သည့် အကြောင်းရင်းကို မာတစ် ရှင်းလင်၊း ဖာဂူဆန် လက်ထက် စိတ်ဓာတ်မျိုးပြန်ရလာပြီဟု စမောလင်း ယုံကြည်

ပေါ့ပီပန်း မဝတ်ဆင်ခဲ့သည့် အကြောင်းရင်းကို မာတစ် ရှင်းလင်၊း ဖာဂူဆန် လက်ထက် စိတ်ဓာတ်မျိုးပြန်ရလာပြီဟု စမောလင်း ယုံကြည်

မန်ယူကွင်းလယ်လူ မာတစ်က ပြီးခဲ့သောမန်ချက်စတာဒါဘီပွဲစဉ်တွင် ဂျာစီအင်္ကျီ၌ ပေါ့ပီပန်းဝတ်ဆင်ခဲ့ရခြင်းမရှိသည်မှာ မိမိ၏ဆိုးရွား သောငယ်ဘဝကို ပြန်အမှတ်ရလို ခြင်းမရှိသည့်အတွက်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ကမ္ဘာစစ်နှစ်ခုဖြစ်ပွားခဲ့စဉ်အတွင်း အသက်ပေးကျဆုံးခဲ့သူများကို ဂုဏ်ပြုသည့်အနေဖြင့် ပရီးမီးယားလိဂ်နည်းပြများနှင့် ကစားသမားများမှာ ဂျာစီနှင့်အင်္ကျီများတွင် ပေါ့ ပီပန်းများ ဝတ်ဆင်လေ့ရှိကြသော်လည်း မန်ချက်စတာဒါဘီတွင် မန်ယူကစားသမားများထဲတွင် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမရှိသော တစ်ဦးတည်းသော ကစားသမားများဖြစ်ခဲ့သည်။

 

မာတစ်က ပေါ့ပီပန်းဝတ်ဆင် သည့်အကြောင်းအရင်းနှင့် ဂုဏ် ပြုဝတ်ဆင်သူများကို လေးစားမှု အပြည့်ရှိသော်လည်း ကိုဆိုဗိုပြည် တွင်းစစ်တွင် ဆားဘီးယားနိုင်ငံ ဗုံးကျဲခံခဲ့ရသောဖြစ်ရပ်ကို ပြန်အ မှတ်ရမိနေသည့်အတွက် မိမိအ နေဖြင့် ပေါ့ပီပန်းကို မဝတ်ဆင်လို ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။


မာတစ်က ''ဒီလိုပေါ့ပီပန်းတွေ ကိုဝတ်ရတဲ့ရည်ရွယ်ချက်နဲ့ ဒီလိုလုပ် ဆောင်ခဲ့သူတွေကို လေးစားမှုအပြည့် ရှိသလို ကျဆုံးသူတွေကြောင့် မိသား စုဝင်တွေဆုံးရှုံးခဲ့ကြသူတွေကိုလည်း ကိုယ်ချင်းစာမိပါတယ်။ ဒါပေမဲ့ ဒါကို တွေ့ရင် ကျွန်တော့်ငယ်ဘဝက တိုက် ခိုက်မှုတစ်ခုကို ပြန်အမှတ်ရမိပါတယ်။ ကျွန်တော့်အသက် ၁၂ နှစ်အရွယ် ဗရီလိုမှာနေခဲ့တုန်းက နေတိုးတပ် တွေရဲ့ ဆားဘီးယားကို ဗုံးကျဲတိုက် ခိုက်မှုတွေကြောင့် နိုင်ငံလည်း အကြီး အကျယ်ပျက်စီးခဲ့ရသလို ကလေးပီ ပီ အရမ်းထိတ်လန့်ခဲ့ရဖူးပါတယ်။ ဒါ ကြောင့် အရင်က အခုလို ပေါ့ပီပန်း ဝတ်ဆင်ဖူးပေမယ့် လက်ရှိမှာတော့ ဒီလိုလုပ်တာ ကျွန်တော့်အတွက် မှန်ကန် မှုမရှိတော့ဘူးလို့ ခံစားမိခဲ့ပါတယ်။ ဒါဟာ ဗြိတိန်အတွက် ဂုဏ်ယူစရာ တစ်ခုဖြစ်တဲ့ ပေါ့ပီပန်းကို သေးသိမ် အောင်လုပ်တာမဟုတ်သလို ဘယ်သူ့ ကိုမှလည်း စော်ကားချင်တာမဟုတ် ပါဘူး''ဟု ဆိုခဲ့သည်။


အခြားတစ်ဖက်တွင် မန်ယူ နောက်ခံလူ စမောလင်းက ဘုန်း မောက်နှင့်ပွဲတွင် နောက်ကျဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အသင်းမှာ နည်း ပြဟောင်းဖာဂူဆန်လက်ထက်က ပွဲ မပြီးသေးသရွေ့အနိုင်မခံအရှုံးမပေး သည့်စိတ်ဓာတ်မျိုး ပြန်ရလာပြီဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ စမောလင်းက ''ဘုန်းမောက်နဲ့ ပွဲမှာ ဖာဂူဆန်လက်ထက်တုန်းက စိတ်ဓာတ်မျိုးပြသနိုင်ခဲ့ပါတယ်။ ပထမပိုင်းခြေစွမ်းက ဘယ်လောက် ဆိုးရွားဆိုးရွား ဒုတိယပိုင်းမှာ ကျွန် တော်တို့ပြန်အနိုင်ရမယ်ဆိုတာမျိုး ကို ယုံကြည်စိတ်ပြန်ရလာပါတယ်။ ဒီ လိုစိတ်ဓာတ်နဲ့ နောက်ထပ်အမှတ် တွေ ဆက်လက်ရယူသွားမှာပါ''ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top