HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဂွမ်ဒူဇီ အထိုင်ကျစေရန် လာကာဇက်တီ အကူအညီပေးခဲ့

ဂွမ်ဒူဇီ အထိုင်ကျစေရန် လာကာဇက်တီ အကူအညီပေးခဲ့

အာဆင်နယ် တိုက် စစ်မှူး လာကာဇက်တီက မိမိအနေဖြင့် အသင်းသို့ နောက်မှရောက်လာသော ကစားသမားများကို အ ကူအညီပေးလေ့ရှိရာတွင် နွေရာသီ၌ ပြောင်းရွှေ့ လာသော ဂွမ်ဒူဇီလည်း အပါအဝင်ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။

ဂွမ်ဒူဇီသည် နွေရာသီတွင် လိုရီးယန့်မှ အာဆင်နယ်သို့ ပေါင် ၈ သန်းဖြင့်ရောက် ရှိလာသူဖြစ်ပြီး အသင်းနှင့်ပွဲဦးထွက်ရာသီတွင် ခြေစွမ်းပြကစားနိုင်ခဲ့ရာ မိမိက ကူညီမှုများ စွာပြုလုပ်ခဲ့ကြောင်း လာကာဇက်တီကဆိုခဲ့သည်။ လာကာဇက်တီက ''အူဘာမီယန်နဲ့ကျွန်တော့်ကြားမှာ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ သူ့ကြားမှာပဲ နားလည်မှုတွေရှိတာ မဟုတ်ပါဘူး။ နွေရာသီမှာ ပြင်သစ်ကနေ ဂွမ်ဒူဇီရောက်လာတုန်းကလည်း သူနဲ့အချိန်ကြာကြာရှိခဲ့ဖူးပါတယ်''ဟု ပြောသည်။

KKW

#democracytoday

Rate this item
(0 votes)
back to top