HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အေစီမီလန်ကို တာဝန်ယူမည့် သတင်းများကို ဝင်းဂါး ပယ်ချ

အေစီမီလန်ကို တာဝန်ယူမည့် သတင်းများကို ဝင်းဂါး ပယ်ချ

အာဆင်နယ်နည်းပြ အာစင် ဝင်းဂါးက မိမိအနေဖြင့် ၂ဝ၁၉ တွင် နည်းပြလောကသို့တစ်ကျော့ ပြန်ဝင်ရောက်မည်ဖြစ်သော်လည်း စီးရီးအေကလပ်အေစီမီလန်ကို တာဝန်ယူရန် နီးစပ်နေသည်ဟူ သောသတင်းများမှာမူ မှန်ကန်မှု မရှိကြောင်း ပြောဆိုခဲ့သည်။

အသက် ၆ဝ အရွယ်ရှိ ဝင်းဂါးသည် ၂၂ နှစ်ကြာတာဝန်ယူခဲ့ သော အာဆင်နယ်မှထွက်ခွာခဲ့ စဉ်ကတည်းက အသင်းလက်မဲ့ဖြစ် နေသူဖြစ်ပြီး စီးရီးအေတွင် ထိပ် ဆုံးမှ ဂျူဗင်တပ်နှင့် ၁ဝ မှတ်အကွာ အဆင့်-၄ နေရာသို့ရောက်နေသော အေစီမီလန်မှာ ဝင်းဂါးကို ခန့်အပ် ရန်အလိုရှိနေသည်ဟု ခန့်မှန်း သတင်းများထွက်ပေါ်နေသည်။

 

သို့ရာတွင် ဝင်းဂါးက ''ထွက် ပေါ်နေတာတွေက သတင်းမှား တွေလို့ပဲ ကျွန်တော်ပြောနိုင်ပါ တယ်။ ကောလာဟလတွေနဲ့ပတ် သက်ရင် ကျွန်တော်မကျွမ်းကျင်ဘဲ ကျွန်တော့်ဘဝမှာလုပ်မယ်ဆိုတာ ကိုပဲ ကျွန်တော်ကျွမ်းကျင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top