HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဘာစီလိုနာနှင့် မှတ်တမ်းများရေး ထိုးနိုင်ရန် မယ်လ်ကွန် ရည်မှန်း

ဘာစီလိုနာနှင့် မှတ်တမ်းများရေး ထိုးနိုင်ရန် မယ်လ်ကွန် ရည်မှန်း

ဘာစီလိုနာကွင်းလယ်လူ မယ်လ်ကွန်က အင်တာနှင့် တစ်ဂိုးစီသရေကျခဲ့သောပွဲတွင် ချန်ပီယံလိဂ်၌ ပထမဆုံးအကြိမ်ပွဲကစားခွင့်ရခဲ့သည့် အပြင် ဂိုးလည်းသွင်းယူနိုင်ခဲ့သည့်အတွက် မိမိအိပ်မက်များ စတင်အကောင်အထည်ပေါ်လာပြီဖြစ်ကြောင်း ဆိုခဲ့သည်။ 

မယ်လ်ကွန်သည် နွေရာသီတွင် လီဂူးကလပ်ဘော်ဒိုးမှ ဘာစီလိုနာသို့ ယူရိုသန်း ၄ဝ ဖြင့်ရောက်လာခဲ့ပြီး နောက် ပုံမှန်ပွဲကစားခွင့်ရရန် ရုန်း ကန်ခဲ့ရပြီး ပြိုင်ပွဲအရပ်ရပ်တွင် တစ်ပွဲသာပွဲထွက်ခွင့်ရထားသော် လည်း အင်တာနှင့်ပွဲ၌ ဒမ်ဘီလီ၏နေရာတွင် လူစားဝင်ကစားခဲ့ရာ၌ အရေးပါသောဂိုးကို သွင်းယူပေးနိုင် ခဲ့ခြင်းဖြစ်သည်။

 

မယ်လ်ကွန်က ''ဘာစီလိုနာဟာ ကလေးဘဝကတည်းက ကျွန်တော့်ရဲ့အိပ်မက်ပါ။ ချန်ပီယံ လိဂ်မှာ ပထမဆုံးကစားခွင့်ရပြီး ဂိုးလည်းသွင်းယူနိုင်ခဲ့တာကြောင့် ဒီအတွက် မိသားစုနဲ့အတူ အောင်ပွဲခံသွားမှာပါ။ ဘာစီလိုနာနဲ့အတူ မှတ်တမ်းတွေရေးထိုးချင်တဲ့ ကျွန်တော့်ရဲ့အိပ်မက်တွေ စတင်အ ကောင်အထည်ပေါ်လာပြီဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top