HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်း အုပ်စုအဆင့်မှ ထွက်

အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်း အုပ်စုအဆင့်မှ ထွက်

ရန်ကုန်၊ နိုဝင်ဘာ ၇

အုပ်စုေ နာက်ဆုံးပွဲစဉ်တွင် မလေးရှား ဖူဆယ်အသင်းကို(၃-၂)ဂိုးဖြင့်ရှုံး နိမ့်ခဲ့သည့်အတွက် မြန်မာ့လက် ရွေးစင်ဖူဆယ်အသင်းအုပ်စု အဆင့် မှထွက်ခွာခဲ့ရကြောင်းသိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုပွဲဦးထွက်ပွဲ စဉ်တွင်အိမ်ရှင်အင်ဒိုနီးရှား အသင်း ကို(၅-၁)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းကို (၁၁-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း မလေးရှားအသင်းကနှစ် ပွဲကစားနှစ်ပွဲနိုင်၊ အင်ဒိုနီးရှားအသင်းကတစ်ပွဲနိုင်၊တစ်ပွဲရှုံးထားပြီး မြန်မာအသင်းနှင့် ရမှတ်တူသော်လည်း အုပ်စုနောက်ဆုံးပွဲစဉ်တွင် ကမ္ဘောဒီးယားနှင့် တွေ့ဆုံခဲ့ပြီး မြန်မာအသင်းက မလေးရှားအသင်း နှင့်တွေ့ဆုံခဲ့သည့်အတွက် မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ရန် မလေးရှား အသင်းကို ခြောက်ဂိုးအထက်ဖြင့် အနိုင်ရရှိရန်လိုအပ်နေခဲ့သည်။

 

''ဒီပွဲမှာ ကစားသမားတွေအကုန်လုံးကစားတာကောင်းခဲ့တယ်။ ဂိုးများများရဖို့ လိုအပ်တယ်ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ရရှိခဲ့တဲ့အခွင့် အရေးတွေကို ဂိုးအဖြစ်မပြောင်း နိုင်ခဲ့ဘူး။ ဒါကြောင့်အခွင့်အရေးများစွာရရှိခဲ့ပြီး ရှုံးနိမ့်ခဲ့တာပါ''ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ၂ဝ၁၆ခုနှစ်၊၂ဝ၁၇ခုနှစ်တွင် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သော်လည်း ၂ဝ၁၈ ခုနှစ်တွင်အုပ်စုအဆင့် ဖြင့် ကျေနပ်ခဲ့ရသည်။

NTL

#democracytoday

Rate this item
(0 votes)
back to top