HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ပွဲချိန်ပြည့် စော်ကားခံရသည့် အတွက် ပြန်တုံ့ပြန်ခဲ့ခြင်းဟု မော်ရင်ဟို ရှင်းလင်း

ပွဲချိန်ပြည့် စော်ကားခံရသည့် အတွက် ပြန်တုံ့ပြန်ခဲ့ခြင်းဟု မော်ရင်ဟို ရှင်းလင်း

နည်းပြမော်ရင်ဟိုက ဂျူဗင်တပ်ကိုအနိုင်ရခဲ့သောပွဲတွင် ဂျူဗင်တပ်ပရိသတ်များကို မိမိတုံ့ပြန်ခဲ့သည်မှာ ပွဲချိန်ပြည့်စော်ကား ခံခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။ မန်ယူအသင်းသည် ၆၅ မိနစ်တွင် စီရော်နယ်ဒိုသွင်းယူသော ဂိုးကြောင့် နောက်မှလိုက်ကစားခဲ့ရပြီး ပွဲပြီးခါနီးတွင် မာတာကဖရီး ကစ်မှချေပဂိုးသွင်းယူနိုင်ခဲ့ခြင်း၊ ဂျူဗင်တပ်နောက်ခံလူဘိုနူချီက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ခြင်းများကြောင့် အနိုင်ရခဲ့သည်။

မော်ရင်ဟိုက ''ဂျူဗင်တပ်ပရိသတ်တွေဟာ မိနစ် ၉ဝ လုံး ကျွန်တော့်ကိုစော်ကားခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ဂျူဗင်တပ်ကစား သမားတွေ၊ နည်းပြနဲ့ သူတို့နဲသက်ဆိုင်သူအားလုံးကို လေးစားမှုအ ပြည့်ရှိပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့အမူအရာက သူတို့ပိုကျယ်ကျယ် ပြောနိုင်အောင်လုပ်ပြခဲ့တာပါ။ အတိတ်က အင်တာနဲ့ပတ်သက် တာတွေကိုမေ့ထားပေမယ့် သူတို့က အင်တာအပါအဝင် ကျွန်တော့် မိသားစုကိုပါ စော်ကားခဲ့တာပါ''ဟုပြောခဲ့သည်။

KKW

#democracytoday

Rate this item
(0 votes)
back to top