ဇူးရစ်
ဖီဖာတာဝန်ရှိသူများသည် ၂ဝ၁၈ ဇွန်လအတွင်း ကျင်းပမည့် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲတွင် မလိုလားအပ်သည့် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်ရေးအတွက် ဓာတ်ပုံရိုက်ရာတွင် အသုံး ပြုသည့် ဆဲလ်ဖီရိုက်တံများ(selfie sticks) ယူဆောင်လာခြင်းကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း သတင်းများအရ သိရသည်။
ပရိသတ်များအနေဖြင့် ပွဲကြည့်စင်အပေါ်တွင် ဆဲလ်ဖီရိုက်တံများအား တိုက်ခိုက်ရေးလက်နက်အဖြစ် အသုံးချလာမည်ကို ဖီဖာက စိုးရိမ်၍ ယခုလိုတားမြစ် ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ယင်းဆဲလ်ဖီရိုက်တံများအား ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မယူဆောင်ရန် တားမြစ် ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လာခဲ့သည်။ ထို့နည်းတူ ဖီဖာတာဝန်ရှိသူများအနေဖြင့် ၂ဝ၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အိမ်ရှင် တောင်အာဖရိက ပရိသတ်များ၏ ဗူဗူဇယ်လာ(လေမှုတ်ပလွေတစ်မျိုး)ကိုလည်း အသံနှုန်းမြင့်ဆူညံသံများ ထွက် ပေါ်တတ်ခြင်းကြောင့် ကန့်သတ်တားမြစ်ခဲ့ဖူးသည့် အစဉ်အလာများလည်း ရှိနေခဲ့သည်။
ဆက်စပ်သတaင်းများတွင် ရုရှားအာဏာပိုင်များအနေဖြင့် ပရိသတ်များထဲမှ တားမြစ်ထားသည့်ပစ္စည်းများ ကွင်းအတွင်း ပါလာသည်ကို တွေ့ရှိပါက လုံခြုံ ရေးများက ဖယ်ရှားမည်ဖြစ်ပြီး လေဆိပ်သို့ ပြန်လည် စေလွှတ်မည်ဟုလည်း သတင်းများက ရေးသားဖော် ပြထားခဲ့သည်။
WKM
#theyangontimes
Discussion about this post