HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ကက်တလန်ဒေသ ခွဲထွက်ခွင့်ရလျှင် ဘာစီလိုနာအသင်း လာလီဂါမှ ထွက်ရန် ဆွေးနွေးမည်

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမီယူက ကက်တလန်ဒေသ စပိန်အစိုးရလက်အောက်မှလွတ်မြောက်ပါက ဘာစီလိုနာအသင်းအနေဖြင့်လည်း လာလီဂါမှထွက်ရန် ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ် ဖော်ပြောကြားလိုက်သည်။ 

 

ဆက်လက်ဖတ်ရှုရန် ...

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအတွက် ကစားသမားနှစ်ဦး ထပ်မံ အားဖြည့်ခဲ့

ရန်ကုန်၊ အောက်တိုဘာ၂

 

ထိုင်း အသင်းနှင့်ခြေစမ်းမည့် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းအတွက် ကစားသမားနှစ်ဦးထပ်မံအားဖြည့်ခဲ့ ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှသိရသည်။ မြန်မာ့လက်ရွေးစင်အသင်းမှာ အောက်တိုဘာ ၅ ရက်ညနေ ၆ နာရီတွင်ထိုင်းလက်ရွေးစင်အသင်းနှင့် မန္တလေးမြို့ မန္တလာသိရီကွင်း၌ခြေစမ်းပွဲကစားရမည်ဖြစ်၍ နည်းပြချုပ်ဂတ်ဆီဇီမှာ စက်တင်ဘာ ၂၆ ရက်တွင် မြန်မာ့လက်ရွေး စင်ပဏာမကစားသမား ၂၅ ဦးအား ရွေးချယ်မှုပြုလုပ်ခဲ့သည်။

 

ဆက်လက်ဖတ်ရှုရန် ...

ရစ်ဘာရီ၏ ဒဏ်ရာ အခြေအနေ မကောင်းကြောင်း ဘိုင်ယန် သုံးသပ်

ဘိုင်ယန်တောင်ပံကစားသ မားရစ်ဘာရီသည် ဟာသာဘာလင်နှင့်ပွဲတွင် နာကျင်မှုကိုပြင်း ထန်စွာခံစားခဲ့ရခြင်းကြောင့် ဒဏ်ရာအခြေအနေမကောင်းရန် အလားအလာများကြောင်း အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က ပြောကြားခဲ့သည်။

 

ဆက်လက်ဖတ်ရှုရန် ...

မဲပေးသူများကို အင်အားသုံး တားဆီးခဲ့ခြင်းအတွက် ဂွါဒီယိုလာ ပြင်းထန်စွာ ဝေဖန်

မန်စီးတီးနည်းပြဂွါဒီယိုလာက ကတ်တလန်ဒေသ လွတ်လပ် ရေးကြေညာရန် လူထုဆန္ဒခံယူပွဲတွင် မဲပေးရန်လာရောက်ကြသူများအား ရဲတပ်ဖွဲ့က အင်အားသုံးတားဆီးခဲ့ခြင်းမှာ လက်ခံနိုင်စရာ မရှိကြောင်း ဝေဖန်ခဲ့သည်။ စပိန်အစိုးရက တရားမဝင် ကြောင်း ကြေညာထားသော်လည်း ကတ်တလန်ဒေသခံတို့မှာ မဲပေးရန်လာရောက်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါမဲပေးသူများအား ရဲတပ်ဖွဲ့က အင်အားသုံးတားဆီးခဲ့ရာတွင် နံပါတ်တုတ်များ၊ ရော်ဘာကျည်ဆန်များအသုံးပြုခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဝေဖန်မှုများရှိခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်ဖတ်ရှုရန် ...

မိုရာတာ၏ ဒဏ်ရာအခြေအနေ စိုးရိမ်ရခြင်း မရှိရန် နည်းပြကွန်တီ မျှော်လင့်

ချဲလ်ဆီးနည်းပြကွန်တီက မန်စီးတီးနှင့် ပွဲတွင်လူစားလဲခဲ့ရသော်လည်း တိုက်စစ်မှူး မိုရာတာ၏ဒဏ်ရာအခြေအနေမှာ ပြင်းထန် ခြင်းမရှိနိုင်ကြောင်း ပြောခဲ့သည်။ မိုရာတာသည် ချဲလ်ဆီးအတွက် ရှစ်ပွဲကစားထားရာတွင် ခုနစ်ဂိုးသွင်းယူနိုင်သူဖြစ်ပြီး မန်စီးတီးကို ၁-ဝ ဖြင့်အရေးနိမ့်ခဲ့သောပွဲတွင် ပထမပိုင်းမှာကတည်းက လူစားလဲခံခဲ့ရခြင်းဖြစ်ကာ ဒဏ်ရာကြောင့်ကာလ ရှည်ကြာအနားယူရနိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။

ဆက်လက်ဖတ်ရှုရန် ...

ဟာတယ်ပူး၊ ဆန်းဒါးလန်းတို့၏ စံချိန်ဆိုးများကို ပဲလေ့စ် အမီလိုက်

ခရစ္စတယ်ပဲလေ့စ်အသင်းသည် မန်ယူကို ၄-ဝဖြင့် အရေးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်အမှတ် ပေးပွဲများသမိုင်းတွင် သွင်းဂိုးလုံးဝမရှိဘဲ ရှစ်ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့သောအသင်းများတွင် အပါ အဝင်ဖြစ်ခဲ့ကြောင်း သိရှိရသည်။ ပဲလေ့စ်သည် ရလဒ်ဆိုးများ ကြောင့် နည်းပြဒီဘိုးဝါးကိုထုတ်ပယ်ကာ ဝါရင့်နည်းပြရွိုင်းဟော့ဆန်နှင့် အစားထိုးခဲ့သော်လည်း ယခုနှစ်ရာသီအတွင်း ပရီးမီးယားလိဂ်၌ ရမှတ်မရသေးသလို သွင်းဂိုးလည်းတစ်ဂိုးမျှမရှိသေးသည့် မှတ်တမ်းဆိုးကို ဆက်လက်ထိန်းသိမ်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဘာစီလိုနာသို့ အပြောင်းအရွှေ့တွင် မက်ဆီ အရေးပါခဲ့ဟု ပေါ်လင်ဟို ဖွင့်ဟ

ဘာစီလိုနာကွင်းလယ်လူပေါ်လင်ဟိုက အသင်းသို့ မိမိ၏ အပြောင်းအရွှေ့တွင် နိုင်ငံတကာပွဲတစ်ခုအတွင်း မက်ဆီနှင့်စကား ပြောဆိုဖြစ်ခဲ့ခြင်းကလည်း အရေးပါခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ ပေါ်လင်ဟိုသည် နွေရာသီတွင် တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူး အဲဗားဂရိတ်မှ ဘာစီလိုနာသို့ ယူရိုသန်း ၄ဝ ဖြင့် အံ့အားသင့်ဖွယ် ရာရောက်ရှိလာခဲ့သူဖြစ်ပြီး ဘရာဇီးနှင့် အာဂျင်တီးနားတို့ကစားခဲ့ သော နိုင်ငံတကာပွဲအတွင်း မက်ဆီနှင့်စကားပြောဆိုခဲ့ခြင်းက အရေးပါခဲ့သည်ဟု ပေါ်လင်ဟိုက ဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ထိပ်တန်းတိုက်စစ်မှူး မခေါ်ခြင်းနှင့် ပတ်သက်၍ ကလော့ပ် ရှင်းလင်း ၊ တစ်ချိန်တွင် လီဗာပူးသို့ပြန်နိုင်ကြောင်း ဘင်နီတက်ဇ် ဆို

လီဗာပူးနည်းပြကလော့ပ်က နွေဈေးကွက်တွင် ပြိုင်ဘက်အသင်းများက ထိပ်တန်းတိုက်စစ်မှူးများ အသီးသီးခေါ်ယူခဲ့ကြသော်လည်း လုံလောက်သောအင်အားရှိထားသည်ဟု မှတ်ယူထားခြင်းကြောင့် မိမိတို့အသင်းအနေဖြင့် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ထပ်မခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...