မန်စီးတီးတိုက်စစ်မှူး အဂူရို သည် ဇန်နဝါရီလအတွင်း အသင်း အတွက် လိဂ်ပွဲလေးပွဲကစားခဲ့ရာ တွင် ငါးဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဇန်နဝါရီလအတွက် အကောင်း ဆုံးကစားသမားဆုကို ရရှိခဲ့ခြင်း ဖြစ်ပြီး ပရီးမီးယားလိဂ်၏တစ်လ အတွင်း အကောင်းဆုံးကစား သမားဆုကို ငါးကြိမ်မြောက်ရယူ နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မန်ယူကွင်းလယ်လူ ပေါ့ဘာသည် နည်းပြမော်ရင်ဟို၏လက်ရှိ ကစားကွက်တွင် ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ ပြီးနောက် ၎င်းကိုနေရာပြောင်းကစား ခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း သတင်းများကဖော်ပြခဲ့သည်။ ပေါ့ဘာသည် လက်ရှိတွင် မော်ရင်ဟို၏ ၄-၂-၃-၁ ကစားကွက်တွင် မာတစ်နှင့်အတူ ကွင်းလယ်တွင် အထိုင်ချကစားနေရသည်ဖြစ်ရာ လတ်တလောပွဲများတွင် ခြေစွမ်းမပြ နိုင်ဖြစ်နေသဖြင့် နေရာပြောင်းကစား ခွင့်ရရန် မော်ရင်ကိုထံတောင်းဆိုမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

လီဗာပူးအသင်းမှ တောင်ပံကစားသမား မာနေးက မိမိအနေ ဖြင့် နေ့စဉ်နေ့တိုင်း ပြင်းထန် သောအားထုတ်မှုပြုလုပ်ခဲ့သည် ဖြစ်ရာ ပုံမှန်ခြေစွမ်းပြန်ရလာမည်ကို မစိုးရိမ်ကြောင်းဖွင့်ဟခဲ့သည်။

အာဆင်နယ်အသင်းသည် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပ-အကျော့ပွဲစဉ်အဖြစ် ဆွီဒင်ကလပ် အော့စတာဆန်နှင့် အဝေးကွင်းတွင်သွားရောက်ကစားခဲ့ရာ၌ ဟိုတယ်တွင် တည်းခိုနေစဉ်အတွင်း နည်းပြဝင်းဂါးမှာ ဟိုတယ်ဝန်ထမ်းများအား ဆွီဒင်၏နာမည်ကျော် ဝီစကီတစ်လုံးယူဆောင်လာပေး ရန်တောင်းဆိုခဲ့ကြောင်း သတင်းများကဖော်ပြခဲ့သည်။

လီဗာပူးနည်းပြကလော့ပ်က ပေါ်တိုကိုအနိုင်ရခဲ့ သောချန်ပီယံလိဂ်ပွဲစဉ်တွင် ယခုနှစ်အတွင်း အသင်းအတွက် သွင်းဂိုး ၃ဝ ပြည့်ခဲ့သော ဆာလက်အနေဖြင့် ဂိုးများဆက်လက်သွင်းယူနိုင်ဦးမည်ဖြစ်ကြောင်း ချီးကျူးခဲ့သည်။ ဆာလက်သည် လီဗာပူးက ၅-ဝ ဖြင့်အနိုင်ရခဲ့ သောအဆိုပါပွဲတွင် အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ ပြီးနောက် ၃၆ ပွဲကစားခဲ့ရာတွင် ဂိုး ၃ဝ သွင်းယူနိုင်ခဲ့ပြီး ဂျော့အယ်လန်အပြီး လီဗာပူးကစားသမားများထဲတွင် သွင်းဂိုး ၃ဝ အမြန်ဆုံး သွင်းယူနိုင်သူဖြစ်လာခဲ့သည်။

စပါးကွင်းလယ်လူအလီက ချန်ပီယံလိဂ်တွင် ဂျူဗင်တပ်ကို အဝေးကွင်း၌ သရေကစားနိုင်ခဲ့ပြီးနောက် နာမည်ဆိုးဖြင့်ကျော် ကြားသော လိဂ်-၁ကလပ် ရော့ ဒေးလ်၏ ဆိုးရွားသောကွင်းမျက်နှာပြင်တွင်ကစားရမည့်ပွဲအတွက်စိုးရိမ်မှုမရှိကြောင်း ဆိုခဲ့သည်။

အာဆင်နယ်ကွင်းလယ်လူ ရမ် ဆေးသည် ပေါင်ခြံဒဏ်ရာကြောင့် ယူရိုပါလိဂ်ပွဲကိုသာမက မန်စီးတီး နှင့်ကစားရမည့်လိဂ်ဖလားပွဲကိုပါ လွဲချော်ရဖွယ်ရှိနေကြောင်း နည်းပြ အာစင်ဝင်းဂါးက ပြောခဲ့သည်။

ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ပီအက်စ်ဂျီနှင့်ပွဲတွင် အရေးပါသောဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အသင်းတစ်သင်းတည်းတွင် ချန်ပီယံလိဂ်သွင်းဂိုး ၁ဝဝ ကျော်သွင်းယူနိုင်သည့်စံချိန်ရရှိခဲ့သည်။

Page 2 of 56