HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ဈေးကွက်အတွင်း ရီးရဲလ်၊ဘာကာတို့နှင့် မယှဉ်နိုင်ဟု ဂွါဒီယိုလာဆို၊ ဖာနန်ဒင်ဟို ကဲ့သို့ ကစားသမားမျိုး ရှာတွေ့ရန် ခက်ခဲကြောင်း ဝန်ခံ

မန်စီးတီးနည်းပြဂွါဒီယိုလာက အပြောင်းအရွှေ့ဈေးကွက်တွင် ရီးရဲလ်၊ ဘာစီလိုနာတို့ကဲ့သို့ ထိပ်သီးအသင်းများနှင့် အားပြိုင်နိုင်ရေး မှာ မဖြစ်နိုင်ဘဲ အသင်းအနေဖြင့် အတိတ်ကကဲ့သို့ ငွေကြေးအမြောက် အမြားသုံးစွဲခြင်းလည်း မပြုလုပ်နိုင်တော့ကြောင်း ပြောဆိုခဲ့သည်။ မန်စီးတီးသည် အေဂျက်မှ အသက် ၂၁ နှစ်အရွယ် နယ်သာ လန်ကစားသမား ဖရန်ကီဒီဂျောင်ကိုအလိုရှိသောအသင်းများတွင် အပါအဝင်ဖြစ်ပြီး ယင်းကစားသမားကိုခေါ်ယူရန် ဘာစီလိုနာ၊ ရီးရဲလ်နှင့် ပီအက်စ်ဂျီအသင်းများကလည်း စိတ်ဝင်စားနေကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပိုခက်ခဲသွားပြီဟု အမ်မရီ ညည်းတွား

အာဆင်နယ်နည်းပြအမ်မရီက ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမှာ ပိုမိုခက်ခဲသွားပြီဖြစ် ကြောင်း ပြောဆိုခဲ့သည်။ ယခုကဲ့သို့ အရေးနိမ့်ခဲ့ခြင်း ကြောင့် အာဆင်နယ်မှာ နောက်ဆုံးလေးပွဲတွင် လေးမှတ်သာရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နောက် ဆုံးနေရာဖြစ်သော အဆင့် ၄ နေ ရာမှ ချဲလ်ဆီးနှင့် ခြောက်မှတ်အထိ ကွာဟသွားခဲ့သလို အဆင့် ၆ နေ ရာမှ မန်ယူနှင့်လည်း အမှတ်တူဖြစ် လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဂျော်ဂျင်ဟို၏ နေရာတွင် ကစားသမားသစ် ထပ်ခေါ်ရန် ဆာရီအလိုရှိ၊ မိမိ၏ အနာဂတ်မှာ ချဲလ်ဆီးတွင်သာ ရှိကြောင်း ကွင်းလယ်လူ ဝီလျံ ရှင်းလင်း

ချဲလ်ဆီးနည်းပြဆာရီက ကွင်းလယ်လူဂျော်ဂျင်ဟိုမှာ အချို့ပွဲများ တွင်ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရ ခြင်းကြောင့် ၎င်းကိုလူစားလဲလိုသော်လည်း အသင်းမှ ဖာဘရီဂတ်စ်ထွက်ခွာသွားပြီးနောက် ကွင်းလယ်တွင် ကစားသမားသစ်ထပ်ခေါ်ရန် လိုအပ် နေကြောင်းပြောကြားခဲ့သည်။ ဂျော်ဂျင်ဟိုသည် နာပိုလီမှ ချဲလ်ဆီးသို့ရောက်လာပြီးနောက် ပွဲတိုင်းနီးပါးကစားခွင့်ရထားပြီး ပုံမှန်ဘော လုံးပေးပို့မှုများတွင် အမှားနည်းသော်လည်း ပိုမိုရှုပ်ထွေးသောဘောလုံး ပေးပို့မှုများတွင် အားနည်းချက်များရှိ နေဆဲဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အေစီမီလန်ကို စွန့်ခွာရန် ဟီဂူအင် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဂတ်တူဆို ဖွင့်ဟ

အေစီမီလန်နည်းပြ ဂတ်တူဆိုက တိုက်စစ်မှူးဟီဂူအင်မှာ အသင်းကိုစွန့်ခွာရန်ဆုံးဖြတ်ထား ပြီးဖြစ်သည့်အတွက် ဆုံးဖြတ်ချက်ကိုပြင်ဆင်ရန် မတတ်စွမ်းနိုင် သော်လည်း လက်ရှိတွင်မိမိတို့၏ ကစားသမားဖြစ်နေဆဲဖြစ် ကြောင်း ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဇန်နဝါရီဈေးကွက်တွင် လှုပ်ရှားမှုမရှိနိုင်ဟု နည်းပြဂွါဒီယိုလာ ဆို

မန်စီးတီးနည်းပြဂွါဒီယိုလာက ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်ခေါ်ယူရန် အလားအလာနည်းသည့်အပြင်လက်ရှိ လူစာရင်းကိုကျေနပ်ခြင်းကြောင့် ကစားသမားသစ်ဝယ်ယူဖွယ်မရှိ ကြောင်း အရိပ်အြ>ွမက်ပြောခဲ့သည်။ မန်စီးတီးသည် ပြီးခဲ့သော ရာသီက ဂျော်ဂျင်ဟိုကိုခေါ်ယူ ရန်ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပြီး နောက် ဖာနန်ဒင်ဟိုမကစားနိုင်ပါက အစားထိုးနိုင်မည့်ကစားသမား လိုအပ်နေရာ ဇန်နဝါရီဈေးကွက်တွင် ရှာဖွေဖွယ်ရှိကြောင်း ခန့် မှန်းထားကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ယူအီးအက်ဖ်အေ အကောင်းဆုံးအသင်းတွင် ပရီးမီးယားလိဂ် ကစားသမား သုံးဦးပါဝင်

၂ဝ၁၈ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးအသင်းကို ယူအီးအက်ဖ်အေဝက်ဘ်ဆိုက်ဒ်မှတစ်ဆင့် ပရိသတ်များက မဲပေးရွေးချယ်ခဲ့ကြရာ ပရီးမီးယားလိဂ် ကစားသမားသုံးဦးပါဝင်ခဲ့ကြောင်း သိရသည်။ လီဗာပူးနောက်ခံလူဗန်ဒစ်၊ ချဲလ်ဆီးကွင်းလယ်လူများဖြစ်သော ကန်တီနှင့် ဟာဇက်တို့မှာ ယခုအသင်းတွင်ပါဝင်သော ပရီးမီးယားလိဂ် ကစားသမားသုံးဦးဖြစ်ပြီး ခံစစ်ကစားသမားလေးဦးတွင် ဗန်ဒစ်မှလွဲ၍ အခြားကစားသမားများမှာ ရီးရဲလ်မှဖြစ်ကာ ရာမို့စ်၊ ဗာရန်းနှင့် မာဆယ်လိုတို့ ရွေးချယ်ခံရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မိုနာကိုသို့ ပြောင်းရွှေ့ခြင်းဖြင့် အသင်းဖော်ဟောင်း အွန်နရီနှင့် ဖာဘရီဂတ်စ် ပြန်ဆုံတွေ့

ချဲလ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ်သည် ပြင်သစ် ကလပ်မိုနာကိုသို့ ပြောင်းရွှေ့ကစားခြင်းဖြင့် အာဆင်နယ်တွင် အတူကစားခဲ့ဖူးသော အသင်းဖော်ဟောင်း အွန်နရီနှင့် တစ်ကျော့ပြန် လက်တွဲခွင့်ရမည်ဖြစ်သည်။ ၃၁ နှစ်အရွယ်ရှိ ဖာဘရီ ဂတ်စ်သည် နော်တင်ဟမ်ဖော ရက်စ်နှင့် အက်ဖ်အေဖလားပွဲအပြီးတွင် ချဲလ်ဆီးပရိသတ် များအား လက်ပြနှုတ်ဆက်ခဲ့ပြီးနောက် အသင်းမှ ထွက်ခွာ ရန် နီးစပ်ခဲ့ပြီး ယခုအခါ မိုနာကိုသို့ ပေါင် ၁ဝ သန်းဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဒီဇင်ဘာလ အကောင်းဆုံး ကစားသမားအဖြစ် လီဗာပူးနောက်ခံလူ ဗန်ဒစ်ရွေးချယ်ခံရ

လီဗာပူးနောက်ခံလူ ဗန်ဒစ်သည် ဒီဇင်ဘာလအတွင်း အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး နောက် ပရီးမီးယားလိဂ်၏ တစ်လတာအကောင်း ဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ပရီးမီးယားလိဂ်တွင် တစ်လတာအကောင်း ဆုံးကစားသမားဆုကို နောက်ခံလူများထဲမှ နောက် ဆုံးရရှိခဲ့သည်မှာ ၂ဝ၁၃ ခုနှစ်က စပါးမှ ဘယ်လ် ဂျီယံနောက်ခံလူ ဗာတွန်ဂန်ဖြစ်ခဲ့ပြီး ဗန်ဒစ်မှာ လွန် ခဲ့သောခြောက်နှစ်အတွင်း ယခုဆုကိုရသည့် နောက်ထပ် နောက်ခံလူ ဖြစ်လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...