HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

တီကိုနှင့် ပွဲတွင် ခံစစ်သုံးယောက်တန်းဖြင့် ကစားဖွယ်ရှိကြောင်း အလီဂရီဆို၊ ရလဒ်ကောင်းဖြင့် ပြန်လာနိုင်ရေး အသင့်ပြင်ထားရန် စီရော်နယ်ဒို တိုက်တွန်း

ဂျူဗင်တပ်နည်းပြအလီဂရီက အက်သလက်တီကိုနှင့်ကစားရမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒု-အကျော့ပွဲစဉ်တွင် ခံစစ်ကစားသမားသုံးဦးထားရှိခြင်း အပါအဝင် နည်းဗျူဟာအပြောင်း အလဲများပြုလုပ်ဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။ ဂျူဗင်တပ်သည် ပ-အကျော့တွင် ၂-ဝ ဖြင့်ရှုံးနိမ့်ခဲ့ရာ ကွာတားသို့တက်ရောက်နိုင်ရန် အိမ်ကွင်းတွင် သုံးဂိုးပြတ်အနိုင်ရရန်လိုအပ်နေသည့်အတွက် အခွင့်အလမ်းနည်းပါးလျက်ရှိသည်။ ပီအက်စ်ဂျီကို အဝေးကွင်းတွင် ၃-၁ ဖြင့်အနိုင်ယူခဲ့သော မန်ယူအသင်းမှာ ချန်ပီယံလိဂ်သမိုင်းတွင် ပ-အကျော့အဝေးကွင်းတွင် နှစ်ဂိုးပြတ်ရှုံးခဲ့သော်လည်း ဒု-အကျော့တွင် ပြန်လည် အနိုင်ယူပြီး နောက်တစ်ဆင့်တက်နိုင်သည့် ပထမဆုံးအသင်းဖြစ်လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

စတာလင်း၏ ပိုကောင်းသောခြေစွမ်းကို မြင်တွေ့ရမည်ဟု ဂွါဒီယိုလာ ချီးကျူး  

မန်စီးတီးနည်းပြဂွါဒီယိုလာက ဝက်ဖို့ဒ်နှင့်ပွဲတွင် တစ်ဦးတည်း ဟက်ထရစ်သွင်းယူခဲ့သော တောင်ပံကစားသမားစတာလင်းမှာ ယခုထက်ပိုကောင်းသောခြေစွမ်းကို ပြသနိုင်စွမ်းရှိနေသေး ကြောင်းချီးကျူးခဲ့သည်။ စတာလင်းသည် ယခုနှစ်ရာသီတွင် မန်စီးတီးအတွက် ပရီးမီး ယားလိဂ် ၂၇ ပွဲကစားခဲ့ရာတွင် ကိုယ်တိုင် ၁၅ ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ကိုးကြိမ်ပြုလုပ်နိုင်ခဲ့ရာ လက်ကျန်ပွဲများတွင် ၎င်းဆက်လက်ခြေစွမ်းပြနိုင်ဦးမည်ဟု ဂွါဒီယိုလာကယုံကြည်နေသည်။

ဆက်လက်ဖတ်ရှုရန် ...

တံကောက်ကြော ဒဏ်ရာကြောင့် လိုင်ယွန်နှင့် ပွဲတွင် ဒမ်ဘီလီပါဝင်ရန် မသေချာ

ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုသည် ဗယ်လက်ကာနိုကို ၃-၁ ဖြင့်အနိုင်ရခဲ့သောပွဲတွင် လူစားလဲခံရပြီးနောက် ပရိသတ်အချို့၏လှောင်ပြောင်ခြင်းခံ ခဲ့ရသော်လည်း လက်ကျန်ပွဲများတွင် ကော်တင်ဟိုကို လိုအပ်နေဆဲဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။ ကော်တင်ဟိုသည် ယမန်နှစ် ရာသီက လီဗာပူးမှ ဘာစီလိုနာသို့ ယူရိုသန်း ၁၆ဝ ဖြင့်ရောက်ရှိလာ ပြီးနောက် အကောင်းဆုံးခြေစွမ်း မပြနိုင်သည့်အတွက် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရပြီး ဗယ်လက်ကာနို နှင့်ပွဲတွင် ရာကီတစ်နှင့် လူစားလဲခံရချိန်၌ ပရိသတ်အချို့မှာ ကော်တင်ဟိုအား လှောင်ပြောင်ခဲ့ကြ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဆိုးလ်ရှား အတွက် မိုလ်ဒီကို ပေါင်ခြောက်သန်းပေးရန် မန်ယူ စီစဉ်

မန်ယူအသင်းသည် နည်းပြဆိုးလ်ရှားကို အမြဲတမ်းနည်းပြအ ဖြစ်ခန့်အပ်ရာတွင် နော်ဝေကလပ် မိုလ်ဒီအား လျော်ကြေးပေးရန်မလို သော်လည်း အသင်းထံဆိုးလ်ရှားကို စေလွှတ်ပေးခဲ့သော မိုလ်ဒီကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ပေါင်ခြောက်သန်းပေးရန်စီစဉ်နေကြောင်း The Sun သတင်းစာကဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဝုဖ်ဘတ်နှင့်ပွဲတွင် ရစ်ဘာရီနှင့် လီဝန်ဒေါစကီးတို စံချိန်သစ်များတင်

ဘိုင်ယန်အသင်းသည် ပြီးခဲ့ သောပွဲစဉ်တွင် ဝုဖ်ဘတ်ကို ဂိုး ပြတ်အနိုင်ယူပြီး ဒေါ့မွန်ကို ဆက်လက်ဖိအားပေးခဲ့ရာ ကွင်းလယ်လူ ရစ်ဘာရီနှင့် တိုက်စစ်မှူးလီဝန် ဒေါစကီးတို့မှာလည်း ဘွန်ဒက်စ်လီဂါတွင် စံချိန်သစ်များ အသီးသီး တင်နိုင်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ချန်ပီယံလိဂ်နိုင်ပွဲက လက်ကျန်ပွဲများအတွက်တွန်းအားဟု စမောလင်းဆို ၊ ပွဲဆက်များနေသော်လည်း မန်ယူနှင့်ပွဲအတွက်ပြင်ဆင်ထားဟု ဂွမ်ဒူဇီပြောကြား

မန်ယူနောက်ခံလူ စမောလင်းက ခက်ခဲသောအခြေအနေမှ ပီအက်စ်ဂျီကို အနိုင်ယူပြီး ကွာတားအဆင့်သို့တက်နိုင် ခဲ့ခြင်းမှာ မယုံကြည်နိုင်စရာကောင်းသော အခြေအနေဖြစ်ပြီး ယင်းက လက်ကျန် ပွဲများအတွက် တွန်းအားဖြစ်လာမည်ဟု ယုံကြည်ကြောင်းပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဧပြီလဆန်းတွင် ကွင်းသစ်၌ ပထမဆုံးအကြိမ်ကစားရန် စပါးရည်မှန်း

စပါးအသင်းသည် တည် ဆောက်ရေးစီမံကိန်းများ နှောင့် နှေးကြန့်ကြာခဲ့သော ဝှိုက်ဟတ် လိန်းကွင်းသစ်တွင် ပထမဆုံးအ ကြိမ် ပြိုင်ပွဲများကစားခြင်းကို ဧပြီ လဆန်းတွင် ပြုလုပ်နိုင်ရန်ရည်မှန်း ထားကြောင်း ထုတ်ပြန်ခဲ့သည်။
ဆက်လက်ဖတ်ရှုရန် ...

အောင်လအန်ဆန်အလွန် ပရိသတ်အခိုင်အမာရလာနိုင်တဲ့ ချင်းတိုင်းရင်းသား တီရဲလ်ထန်နဲ့ ကယန်းတိုင်းရင်းသူ အန်တိုနီယာ

နှစ်စမှာ ပထမဆုံးအကြိမ်ကျင်းပ ခဲ့တဲ့ ဝမ်းချန်ပီယံရှစ်ရဲ့ ကိုယ်ခံပညာ ပေါင်းစုံတိုက်ခိုက်ရေးပြိုင်ပွဲက အရင် ကျင်းပခဲ့တဲ့ပွဲတွေထက် ပရိသတ်ဝင် ရောက်ကြည့်ရှုနှုန်း ကျဆင်းခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန် ...