HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

မိုရာတာအား ခေါ်ယူနိုင်ရေး ဆီဗီလာအသင်း ဆွေးနွေးလျက်ရှိ

နယူးကာဆယ်

စပိန်ကလပ် ဆီဗီလာအသင်း တာဝန်ရှိသူများသည် လိုအပ်လျက်ရှိသည့် အသင်းတိုက်စစ်အတွက် ချဲလ်ဆီးအသင်း၏ စပိန်လက်ရွေးစင်တိုက်စစ်မှူး မိုရာတာအား ခေါ်ယူရန် စိတ်ဝင်စား လျက်ရှိကြောင်း အတည်ပြုခဲ့ပြီးနောက် အပြီးသတ်ခေါ်ယူနိုင်ရေးအတွက် ကစားသမားဖြစ်သူ၏အေးဂျင့်နှင့် တရားဝင်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိနေကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မန်စီးတီး လူငယ် ဒီယက်ဇ်ကို ပေါင် ၂၂ သန်းဖြင့် ရီးရဲလ် တရားဝင်ခေါ်ယူ ဆန်ချိုနှင့် ဒီယက်ဇ် တို့ကဲ့သို့ မန်စီးတီးကို စွန့်ခွာမည် မဟုတ်ဟု ဖိုဒန် ဆို  

ရီးရဲလ်အသင်းသည် ဇန်နဝါရီဈေးကွက်အတွင်း ပထမဆုံးကစားသမားသစ်ခေါ်ယူမှုအဖြစ် မန်စီးတီးလူငယ်ကစားသမား ဒီယက်ဇ်ကို ပေါင် ၂၂ သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်ကြောင်း ကြေညာခဲ့သည်။ ရီးရဲလ်သည် အိမ်ကွင်းတွင် ဆိုစီဒက်ကို ၂-ဝဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ဇန်နဝါရီဈေးကွက်အတွင်း စတင် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်သာရှိသေး သော ဒီယက်ဇ်ကို ခြောက်နှစ် ခွဲစာချုပ်ဖြင့် လက်မှတ်ရေး ထိုးခေါ်ယူခဲ့ခြင်းဖြစ်သည်။ သတင်းများအရ ရီးရဲလ်အနေဖြင့် ဒီယက်ဇ်အတွက် ကနဦးပြောင်း ရွှေ့ကြေး ပေါင် ၁၅ဒသမ ၅ သန်းပေးရမည်ဖြစ်ပြီး အပို ဆုကြေးများ ထည့်တွက်မည်ဆိုပါက ၎င်း၏တန်ကြေးမှာ ပေါင် ၂၂သန်း အထိရှိလာမည်ဖြစ်ကြောင်း သိ ရသည်။

ဆက်လက်ဖတ်ရှုရန် ...

အံ့မခန်းခြေစွမ်းပြနိုင်မှသာ မန်စီးတီးကို ကျော်ဖြတ်နိုင်မည်ဟု ကလောက် ဝန်ခံ

လိဂ်-၁ ကလပ် ဘာတန်အသင်းနည်းပြ နိုင်ဂျယ်ကလောက်က အသင်းအနေဖြင့် လိဂ်ဖလားဆီမီးဖိုင်နယ်တွင် မန်စီးတီးကိုအနိုင်ယူ ပြီး ဗိုလ်လုပွဲတက်နိုင်ရေးမှာ ဖြစ်နိုင်ခြေနည်းပါးလွန်းပြီး အံ့မခန်း ခြေစွမ်းမျိုးပြသနိုင်မှသာ ဖြစ်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မော်ရင်ဟိုကသာ ပြဿနာဖြစ်ကြောင်း ပေါ့ဘာ၏ အစ်ကို ပြော

မန်ယူကွင်းလယ်လူ ပေါ့ဘာနှင့် မော်ရင်ဟိုတို့အကြား အဆင် မပြေဖြစ်ခဲ့ရာတွင် လူအများ၏ အာရုံစိုက်ခြင်းကို အမြဲအလိုရှိခဲ့ သော မော်ရင်ဟိုကသာ ပြဿနာ ဖြစ်ပြီး ပေါ့ဘာမှာ အခြားသူများ ကို အပြန်အလှန်လေးစားမှုရှိသူ ဖြစ်ကြောင်း ¤င်း၏အစ်ကိုဖြစ်သူ မက်သီးယပ်စ်က ဆိုခဲ့သည်။ မော်ရင်ဟိုသည် ရလဒ်ဆိုး များကြောင့် မန်ယူနည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီး အသင်းတွင်ရှိ စဉ်က ¤င်းကိုယ်တိုင်ခေါ်ယူခဲ့ သော ပေါ့ဘာနှင့် မကျေလည်မှု များစွာရှိခဲ့ရာ မော်ရင်ဟိုကသာ ပြဿနာဖြစ်ကြောင်း မက်သီး ယပ်စ်က ဆိုခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

စံချိန်များ ချိုးဖျက်နိုင်ရေးကို စိတ်မဝင်စားကြောင်း ဆိုးလ်ရှားဖွင့်ဟ၊ ဆိုးလ်ရှားကြောင့် ခြေစွမ်းကောင်း ပြန်ရလာခြင်းဟု လူကာကူပြော

မန်ယူနည်းပြဆိုးလ်ရှားက မိမိအနေဖြင့် အသင်းနှင့်အတူ ရလဒ်ကောင်းများ ရရှိရေးကိုသာ အလေးထားပြီး မည်သည့်စံချိန်များ ချိုးဖျက်နိုင်မည်ဆိုခြင်းအား အာရုံမစိုက် ကြောင်း ပြောကြားခဲ့သည်။ မန်ယူနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ယူမည့် ဆိုးလ်ရှားမှာ ၎င်း တာဝန်ယူခဲ့သော အဖွင့်ပွဲ ငါးပွဲစလုံး အနိုင်ရထားပြီး ရီးဒင်းကို အက်ဖ် အေဖလားတွင် အနိုင်ရခဲ့ပြီးနောက် မန်ယူဂန္ထဝင်နည်းပြ ဆာမတ်ဘတ်စ်ဘီ၏စံချိန် နှင့်တူညီနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

နာဇီပုံစံ အလေးပြုသည်ဟူသော စွပ်စွဲချက်ကို ပဲလေ့စ် ဂိုးသမား ဟန်နက်ဆီ ငြင်းဆန်

ပဲလေ့စ်ဂိုးသမားဟန်နက်ဆီက အသင်းဖော်များနှင့်အတူ ညစာသုံးဆောင်ခဲ့သောပုံတွင် မိမိအနေဖြင့် နာဇီပုံစံအလးပြုခဲ့သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရှင်းလင်းခဲ့သည်။ ပဲလေ့စ်ကွင်းလယ်လူ မက်စ်မေယာက အင်စတာဂရမ်တွင် ပုံတင်ခဲ့ရာတွင် ဟန်နက်ဆီမှာ လက်တစ်ဖက်ကို လေထဲ မြှောက်ထားပြီး ကျန်တစ်ဖက်ကို ပါးစပ်အထက်တွင် ထား ရှိသည့်ပုံပြုလုပ်ခဲ့ရာ ယင်းမှာ နာဇီခေါင်းဆောင်ဟောင်း ဟစ်တလာကို ရည်ညွှန်းသည့် အလေးပြုသောပုံစံဖြစ်သ ဖြင့် လူမှုမီဒီယာများတွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မူးယစ်ရီဝေပြီး အရေးပေါ်ခလုတ် နှိပ်ခဲ့ခြင်းကြောင့် ဝါရှင်တန် လေဆိပ်တွင် ရွန်းနီ ဖမ်းဆီးခံရ

မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်တိုက်စစ်မှူး ဝိန်းရွန်းနီသည် လေယာဉ်ပေါ်တွင် အရက်နှင့် အိပ်ဆေးရောသောက်ခဲ့ပြီးနောက် မူးယစ်ရီဝေပြီး လေဆိပ်တွင် လမ်းပျောက်ခဲ့ရာမှ အရေးပေါ်ခလုတ်ကို နှိပ်ခဲ့ခြင်းကြောင့် ဝါရှင်တန်လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အက်သလက်တီကိုနောက်ခံလူ ဂိုဒင်အား အင်တာမီလန်ခေါ်ယူရန် သဘောတူညီမှုရရှိ

အက်သလက်တီကိုမှ ဥရု ဂွေးနောက်ခံလူဂိုဒင်သည် စီးရီး အေကလပ် အင်တာမီလန်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိ ရသည်။ 

ဆက်လက်ဖတ်ရှုရန် ...