HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

နယူးကာဆယ် ပိုင်ရှင်ဖြစ်လာပါက မော်ရင်ဟို သို့မဟုတ် ဝင်းဂါးကို ခါလက် ခန့်အပ်မည်  

အဘူဒါဘီအခြေစိုက် ဘီလျံနာတစ်ဦးဖြစ်သူ ရှိတ်ခါလက်သည် နယူးကာဆယ်အသင်းကို ပြန်လည်ဝယ်ယူရန် ကြိုးပမ်းလျက်ရှိရာ ၎င်းင်းပိုင်ရှင်ဖြစ်လာပါက လက် ရှိနည်းပြဘင်နီတက်ဇ်ကို ရာထူးမှထုတ်ပယ်ပြီး မော်ရင်ဟို သို့မဟုတ် ဝင်းဂါးဖြင့် အစားထိုးခန့်အပ်သွား ရန်စီစဉ်နေကြောင်း သတင်းများ ကဖော်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ချန်ပီယံလိဂ် အကောင်းဆုံး အသင်းတွင် စီရော်နယ်ဒိုနှင့် မက်ဆီတို့ ပါဝင်  

စီရော်နယ်ဒိုနှင့် မက်ဆီတို့သည် မိခင်ကလပ်များနှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိ သော်လည်း တစ်ရာသီအတွင်း ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် ရွေးချယ် ခြင်းခံခဲ့ရသည်။ စီရော်နယ်ဒို၏ ဂျူဗင်တပ်သည် ကွာတားအထိသာတက်နိုင်ခဲ့ပြီး အေ ဂျက်ကြောင့် ပြိုင်ပွဲမှထွက်ခဲ့ရသလို မက်ဆီ၏ဘာစီလိုနာမှာလည်း ချန်ပီယံ ဖြစ်ခဲ့သောလီဗာပူးကို ဆီမီးတွင် အရေးနိမ့်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း အသင်းကို ပိုချက်တီနိုအကောင်းမြင်၊ ရှုံးပွဲအတွက် ဒိုင်ဆုံးဖြတ်ချက်များကို အပြစ်မတင်လိုကြောင်း ဂိုးသမား လိုရစ်ပြောဆို  

စပါးနည်းပြပိုချက်တီနိုက အသင်းအနေဖြင့် ချန်ပီယံလိဂ်တွင် ဒုတိယနေရာဖြင့်သာကျေနပ်ခဲ့ရ သော်လည်း ယမန်နှစ်ရာသီက လီဗာပူးကိုအတုယူကာ ဗိုလ်လုပွဲသို့ နောက်တစ်ကြိမ်တက်နိုင်ရန် ကြိုးစား ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။  စပါးသည် ဆာလက်၊ အိုရီဂီ တို့၏သွင်းဂိုးများဖြင့် လီဗာပူးကို ၂-ဝ ဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း အသင်း၏အနာဂတ်အပေါ် အကောင်းမြင်စိတ်ထားရန် ပိုချက်တီနိုက တိုက်တွန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဆီဗီလာ၏ ဂန္ထဝင်တစ်ဦးအဖြစ် ရေးယက်စ်ရှိနေမည်ဟု ဥက္ကဋ္ဌပြောဆို  

ဆီဗီလာအသင်းဥက္ကဋ္ဌ ကက်စထရိုက ယာဉ်တိုက်မှုကြောင့်ကွယ် လွန်ခဲ့သောတိုက်စစ်မှူးရေးယက်စ်မှာ အခြားအသင်းများစွာတွင် ကစားခဲ့ဖူးသော်လည်း အသင်း၏ဂန္ထဝင်တစ်ဦးအဖြစ် အစဉ်အမြဲရှိနေမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။   ရေးယက်စ်သည် ဆီဗီလာအ ကယ်ဒမီမှ ထွက်ပေါ်လာသောက စားသမားတစ်ဦးဖြစ်ပြီး အာဆင်နယ်၊ ရီးရဲလ်၊ အက်သလက်တီကို အသင်းများတွင်ကစားခဲ့ဖူးကာ စနေ နေ့က ယာဉ်မတော်တဆမှုတွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အမ်ဘာပီမှာ ရည်မှန်းချက် ကြီးသူဖြစ်ကြောင်း ပြင်သစ်အသင်းဖော် နောက်ခံလူဗာရန်း ဖွင့်ဟ  

ရီးရဲလ်နောက်ခံလူဗာရန်းက ပြင်သစ်အသင်းဖော်အမ်ဘာပီ အနေဖြင့် အသင်းထံပြောင်းရွှေ့ကစားခြင်းရှိ၊ မရှိကို မိမိမသိရှိသော်လည်း အမ်ဘာပီမှာ ရည်မှန်းချက်ကြီးမားသူဖြစ်ကြောင်း ဖွင့်ဟပြော ကြားခဲ့သည်။  ရီးရဲလ်သည် ယမန်နှစ်ရလဒ် ဆိုးများကြောင့် အသင်းကိုပြန် လည်တည်ဆောက်ရန် ကြိုးစားလျက်ရှိရာ အမ်ဘာပီကိုလည်း ခေါ်ယူရန်ကြိုးပမ်းနေကြောင်း ခန့် မှန်းမှုများရှိနေပြီး ဥက္ကဋ္ဌပီရက်ဇ်ကလည်း ၎င်းင်းကိုနှစ်သက်မှုရှိကြောင်း ပြောဆိုထားသည်။

ဆက်လက်ဖတ်ရှုရန် ...

ဂျူဗင်တပ်နှင့် ဆာရီတို့ သဘောတူညီမှု ရထားကြောင်း သတင်းထွက်၊ ဟာဇက်အတွက် ချဲလ်ဆီးနှင့် ရီးရဲလ်တို့ မျက်နှာချင်းဆိုင်ဆွေးနွေးမည်  

ချဲလ်ဆီးနည်းပြဆာရီသည် စီးရီးအေကလပ် ဂျူဗင်တပ်အသင်းနှင့် သဘောတူညီမှုရထားခဲ့ ပြီးနောက် အသင်းမှထွက်ခွာခွင့် ပေးရန် ချဲလ်ဆီးအားတောင်းဆို ထားခဲ့ကြောင်း သတင်းများထွက် ပေါ်နေသည်။ ဆာရီ၏အေးဂျင့်ဖြစ်သူ ရာမာဒါနီသည် သောကြာနေ့က ဆာ ရီ၏အနာဂတ်နှင့်ပတ်သက် ၍ ချဲလ်ဆီအသင်းတာဝန်ရှိသူ များနှင့် တွေ့ဆုံခဲ့ပြီးနောက် ဂျူဗင်တပ်သို့ ဆာရီပြောင်းရွှေ့ ရေးမှာပိုမိုနီးစပ်လာခဲ့သည်။ အသက် ၆ဝအရွယ်ရှိ ဆာရီ သည် အလီဂရီထွက်ခွာမည်ဟု ကြေညာခဲ့စဉ်ကတည်းက ဂျူဗင် တပ်နည်းပြဖြစ်လာရန် ရေပန်း စားခဲ့သော်လည်း ယူရိုပါလိဂ်ဗိုလ် လုပွဲပြီးချိန်အထိ စောင့်ဆိုင်းခဲ့ပြီး မှ ¤င်း၏အနာဂတ်အတွက် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ချဲလ်ဆီးနှင့် ယူရိုပါလိဂ်ဖလား ရခဲ့ပြီးနောက် ဝါရင့်ဂိုးသမား ဂရင်း အနားယူ

အင်္ဂလန်ဂိုးသမားဟောင်း ရောဘတ်ဂရင်းသည် ချဲလ်ဆီးနှင့် ယူရိုပါလိဂ်ဖလားရယူနိုင်ပြီးနောက် ၃၉ နှစ်အရွယ်တွင် ဘောလုံးသမား ဘဝမှအနားယူသွားခဲ့သည်။ ရောဘတ်ဂရင်းသည် ၂ဝ၁ဝ ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်း ၏ဦးစားပေးဂိုးသမားဖြစ်ခဲ့ပြီး အ မေရိကန်နှင့်အဖွင့်ပွဲတွင် အမှား ပြုလုပ်ခဲ့ပြီးနောက် ပွဲကစားခွင့် ပျောက်ဆုံးခဲ့သည်။ ဂရင်းသည် ဟက်ဒါဖီးလ်မှထွက်ခွာခဲ့ပြီး နောက် ချဲလ်ဆီးသို့အလွတ်ပြောင်း ရွှေ့ကြေးဖြင့်ရောက်လာခဲ့သူဖြစ် ပြီး ယမန်နှစ်ရာသီက အသင်းအတွက် တစ်ပွဲမျှမကစားခဲ့ရသော်လည်း ချဲလ်ဆီးနှင့်အတူ ယူရိုပါ လိဂ်ဖလားကိုင်မြှောက်ခွင့်ရခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

လေ့ကျင့်ခန်းပြုလုပ်စဉ် ဒဏ်ရာရခဲ့သဖြင့် ဂျာမနီ၏ ပွဲများကို ဂျိုအာချင်လို လွဲချော်

ဂျာမနီအသင်းနည်းပြဂျိုအာ ချင်လိုသည် လေ့ကျင့်ခန်းပြုလုပ် စဉ် မတော်တဆဖြစ်ရပ်နှင့် တွေ့ ကြုံခဲ့ရာမှ ဒဏ်ရာရခဲ့ခြင်းကြောင့် လာမည့် ဘီလာရုစ်၊ အက်စ်တိုးနီး ယားတို့နှင့် ပွဲများကို တာဝန်ယူ ကြီးကြပ်နိုင်မည်မဟုတ်ကြောင်း ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ကြေ ညာခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...