ဝါရှင်တန်

အမေရိကန်မေဂျာလိဂ်ကလပ် Phoenix Rising တိုက်စစ်မှူုးဖြစ်သူ ဒရော့ဘာသည် အသစ်ပြောင်းလဲနိုင်သည့် အသင်းဖွဲ့စည်းပုံအရ အသင်း၏ ရှယ်ယာဝေစုအချို့ အား ဝယ်ယူခဲ့ခြင်းကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားများ သမိုင်းတစ်လျှောက် ပထမဦးဆုံးအသင်းပိုင်ရှင် ကစားသမားအဖြစ် မှတ်တမ်းဝင် ရပ်တည်နိုင်ခဲ့ပြီလည်း ဖြစ်သည်။

လန်ဒန် 

ဝက်ဖို့ဒ်အသင်းခေါင်းဆောင် ဒီနေးလ်သည် ချဲလ်ဆီးအသင်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အဖွင့်ဂိုးအား ပင်နယ်တီမှတစ်ဆင့်ရယူပေးခဲ့ပြီးနောက်ရိုင်းစိုင်းသည့် အပြုအမူဖြင့် အောင်ပွဲခံခဲ့သည့်အတွက် အရေးယူခံရမည့် အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ် လျက်ရှိသည်။

ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နှစ်ပွဲဆက်ရှုံး ပွဲကြုံခဲ့သော်လည်း မိမိသည် ရှုံးနိမ့်သူမဟုတ်ဘဲ အနိုင်ရရှိသူသာဖြစ် ကြောင်းနှင့် မိမိ၏အနာဂတ်ကို ကစားသမားများကသာ အဆုံးအ ဖြတ်ပေးလိမ့်မည်ဟု ထုတ်ဖော်ပြော ကြားသွားခဲ့သည်။ ချဲလ်ဆီးအသင်းသည် အိမ်ကွင်းတွင် ဘုန်းမောက်ကို ဝ-၃ ဖြင့် ရှုံးနိမ့်ခဲ့ပြီး အဝေးကွင်းပွဲစဉ်တွင်လည်း ဝက်ဖို့ဒ်အသင်းကို ၄-၁ ဖြင့်ဂိုးပြတ် အရေးနိမ့်ခဲ့ခြင်းကြောင့် နည်းပြ ကွန်တီမှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိ နေသည်ဟုလည်း သတင်းများထွက် ပေါ်လျက်ရှိသည်။

အာဆင်နယ်အသင်း၏ အဓိကဂိုးသမား ပီတာဆက်ခ်ျသည် အဲဗာတန်နှင့်ကစားခဲ့သော ပွဲတွင်ရရှိခဲ့သည့် ခြေသလုံးဒဏ်ရာကြောင့် စပါးနှင့်ကစားရမည့် လန်ဒန်ဒါဘီပွဲစဉ်ကို လွဲချော်ရမည်ဖြစ်ကြောင်းသိရသည်။  ပီတာဆက်ခ်ျသည် အဲဗာတန်နှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်း ကြောင့် ပွဲချိန်ပထမပိုင်း၌ပင် အော့စ်ပီနာနှင့် လူစားလဲခဲ့ရသည်။

လာလီဂါတွင် တန်းမဆင်းရရန်ရုန်းကန်နေရသော ဒီပို့တီဗီုအသင်းသည် အေစီမီလန် ကစားသမားဟောင်း ဆီးဒေါ့ဖ်အား နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ကြောင်းသိရသည်။  ဒီပို့တီဗိုအသင်းသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက နည်းပြပီပီမဲလ်အား ရာထူးမှထုတ်ပယ်၍ ပါရာလိုအားအစားထိုးခန့်အပ်ခဲ့သော်လည်း ရလဒ်များကောင်းမွန်လာခြင်းမရှိဘဲ နောက်ဆုံးကစားခဲ့သော လာလီဂါ ၁၃ ပွဲတွင် နိုင်ပွဲနှစ်ပွဲသာ ရရှိခဲ့ခြင်းကြောင့် ဆိုစီဒက်ကို ၅-ဝ ဖြင့် ရှုံးနိမ့်သည့်ပွဲအပြီး ရာထူးမှထုတ်ပယ်ကာ ဆီးဒေါ့ဖ်ဖြင့် အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။

အက်စ်ပန်ညိုနှင့် တစ်ဂိုးစီသရေကျခဲ့သောပွဲတွင် ချေပဂိုးသွင်း ယူပြီးနောက် အက်စ်ပန်ညိုပရိသတ်များအားလှောင်ပြောင်းသည့်ပုံစံ အောင်ပွဲခံခဲ့သော ပီကေး၏လုပ်ရပ်နှင့်ပတ်သက်၍ ဘာစီလိုနာ အသင်းခေါင်းဆောင်အင်နီယေစတာက ကာကွယ်ပြောဆိုလိုက်သည်။

လီဗာပူးနှင့်ပွဲတွင် အငြင်းပွားဖွယ်ရာပင်နယ်တီဂိုး သွင်းယူနိုင်ခဲ့ ခြင်းကြောင့် စပါးတိုက်စစ်မှူးဟယ် ရီကိန်းသည် ပရီးမီးယားလိဂ်ဂိုး (၁ဝဝ)ပြည့်မြောက်ခဲ့ကြောင်းသိရသည်။ ဟယ်ရီကိန်းသည် အဆိုပါပွဲတွင် ပင်နယ်တီတစ်ကြိမ်လွဲချော်ခဲ့သော်လည်း ဒုတိယပင်နယ်တီကို ကန်သွင်းယူနိုင်ခဲ့ခြင်းကြောင့် ယခုရာသီတွင်သွင်းဂိုး ၂၂ ရှိလာခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက်တွင် ၁၄၁ ပွဲကစားပြီး သွင်းဂိုး (၁ဝဝ)ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

စပါးနှင့် နှစ်ဂိုးစီသရေကျခဲ့သောပွဲတွင် စပါးကစားသမားများဖြစ်ကြသော ဟယ်ရီကိန်းနှင့် လာမီလာတို့ ပင်နယ်တီရရှိရန်ဒိုင်ဗင်ထိုးခဲ့ ခြင်းဖြစ်ကြောင်း လီဗာပူးနောက်ခံလူ ဗန်ဒစ်က စွပ်စွဲပြောကြားလိုက်သည်။

Page 6 of 56