HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

အကယ်ဒမီနည်းပြ အဖြစ် ချဲလ်ဆီးသို့ ဂျိုးကိုးလ်ပြန်လာမည်

ချဲလ်ဆီးကွင်းလယ်လူ ဟောင်း ဂျိုးကိုးလ်သည် အသင်းအကယ်ဒမီ၏ နည်းစနစ်ဆိုင်ရာ နည်းပြအဖြစ် တာဝန်ယူခြင်းဖြင့် အသင်းဟောင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာမည်ဖြစ် ကြောင်း သိရှိရသည်။ ဂျိုးကိုးလ်သည် ဝက်စ်ဟမ်း အကယ်ဒမီထွက် ကစားသမားတစ်ဦး ဖြစ်ပြီး ပထမဆုံးပွဲထွက်ခွင့်ရခဲ့စဉ်က ၁၇ နှစ်အရွယ်သာရှိသေးပြီး ချဲလ်ဆီး ကို ရုရှားလုပ်ငန်းရှင် အေဘရာမို ဗစ်ခ်ျဝယ်ယူပြီးနောက် ပေါင် ၆ ဒသမ ၆ သန်းဖြင့် ရောက်ခဲ့သူဖြစ် သည်။

ဆက်လက်ဖတ်ရှုရန် ...

လူငယ်များကို နေရာပေးမည်ဟု မန်ယူအသင်းနည်းပြ ဆိုးလ်ရှား ပြောဆို

မန်ယူနည်းပြဆိုးလ်ရှားက အကယ်ဒမီထွက် ကစားသမားများအနေဖြင့် အသင်းကြီးတွင်ပါဝင်ကစား ခွင့်ရရေးမှာ များစွာအရေးပါပြီး မိမိအနေဖြင့် လူငယ် များကို နေရာပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဆိုးလ်ရှားလက်ထက် ဒုတိယမြောက်ပွဲစဉ်ဖြစ်သော ဟက်ဒါဖီးလ်နှင့်ပွဲတွင် လူငယ်ကစားသမားတစ်ဦးဖြစ် သော အိန်ဂျယ်ဂိုမက်စ်မှာ ၁ဝ မိနစ်ပါဝင်ကစားခွင့်ရခဲ့ ပြီး လူငယ်များကိုအခွင့်အရေးပေးသွားမည်ဟု ဆိုးလ်ရှား ကဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ရေသန့်ဘူးကို ကန်ထုတ်ခဲ့သောကြောင့် အမ်မရီကို အက်ဖ်အေ စွဲချက်တင်

အာဆင်နယ်နည်းပြအူနိုင်း အမ်မရီသည် ဘရိုက်တန်နှင့် တစ်ဂိုးစီသရေကျသည့်ပွဲတွင် ကွင်း ဘေးစည်းမှ ရေဘူးကို ဒေါသတကြီးကန်ထုတ်ခဲ့ရာ ဘရိုက်တန် ပရိသတ်တစ်ဦးကို ထိမှန်ခဲ့သော ကြောင့် အက်ဖ်အေ၏စွဲချက်တင် ခံခဲ့ရကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အင်တာ ပရိသတ်တစ်ဦး သေဆုံးပြီးနောက် စီးရီးအေပွဲများ ခေတ္တ ရပ်နားထားဖွယ်ရှိ  

အင်တာမီလန်နှင့်နာပိုလီတို့ ရင်ဆိုင်ကစားခဲ့သော ပွဲမတိုင်မီ နှစ်ဖက်ပရိသတ်များ ခိုက်ရန် ဖြစ်ပွားခဲ့ကြရာ အင်တာမီလန် ပရိသတ်တစ်ဦး သေဆုံးခဲ့ခြင်း ကြောင့် စီးရီးအေပွဲစဉ်များကို ရက် ရွှေ့ဆိုင်းထားဖွယ်ရှိနေ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

လီဗာပူးနည်းပြ ကလော့ပ်၏ ဆက်ဆံပုံကို နောက်ခံလူမိုရီနို မကျေနပ်၊ ဒိုင်ဗင်ထိုးသည်ဟု စွပ်စွဲခံရသော်လည်း ဆာလက် ပွဲပယ်ပြစ်ဒဏ် ကျခံရမည်မဟုတ်

လီဗာပူးအသင်းတွင် ပွဲထွက်ကစားခွင့်ဆုံးရှုံးနေပြီး အရန်ခုံထိုင်နေရခြင်းနှင့် နည်းပြဂျာဂင် ကလော့ပ်၏ ဆက်ဆံပုံကို စိတ်ပျက်မိကြောင်း စပိန်နောက်ခံလူ မိုရီနိုက ထုတ်ဖော်ပြောကြားလိုက်သည်။ လီဗာပူးနည်းပြ ကလော့ပ်သည် ယခုရာသီတွင် ဘယ်နောက်ခံလူနေရာ၌ ရောဘတ်ဆင်ကိုသာ ဦးစားပေးအသုံးပြုနေသောကြောင့် မိုရီနိုမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေ ပြီး ယခုရာသီပရီးမီးယားလိဂ်၌ နှစ်ပွဲသာကစားခွင့်ရခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူးဟောင်း ကျော်ကိုကို ထိုင်းလိဂ် ဆာမက်ပရာကန် အသင်းသို့ တစ်နှစ် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ 

မြန်မာ့ လက်ရွေးစင်အသင်း၏ တိုက်စစ် မှူးဟောင်း ကျော်ကိုကို ထိုင်းလိဂ် ၁- ကလပ်ဆာမက်ပရာကန် အ သင်းကို တစ်နှစ်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီဖြစ်ကြောင်းသိရသည်။ တိုက်စစ်မှူးကျော်ကိုကို ဆာ မက်ပရာကန်အသင်း၏ ကြံ့ခိုင်မှု နှင့် ဆေးစစ်ချက်ကို အောင်မြင်ခဲ့ ပြီးနောက် ၎င်း၏အပြောင်းအရွှေ့ ကို ဆာမက်ပရာကန်အသင်းဘက် က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။ တိုက်စစ်မှူး ကျော်ကိုကို၏ အပြောင်းအရွှေ့ ဖြစ်ပေါ်ခဲ့သည့် အတွက် လက်ရှိအချိန်တွင် ထိုင်း လိဂ်-၁၌ မြန်မာကစားသမားငါး ဦးအထိ ရှိလာပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

MMA ကစားသမား ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်နှစ်ခုရှင် အောင်လအန်ဆန်ကို ခရီးသွားသံတမန် ခန့်အပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

MMA ကစားသမား ကမ္ဘာ့ချန်ပီယံရွှေ ခါးပတ်နှစ်ခုရှင် အောင်လအန် ဆန်ကို ခရီးသွားသံတမန်အဖြစ် တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအ ဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ် ငန်းဈေးကွက်မြှင့်တင်ရေးအသင်း တို့ပူးပေါင်း၍ ဒီဇင်ဘာ ၂၉ ရက် တွင် MMA  ကစားသမား မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံနှင့် လိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်ကို ခရီးသွား သံတမန်အဖြစ် တရားဝင်အခမ်း အနားဖြင့် ခန့်အပ်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဂိုးများစွာ သွင်းယူပြီး အသင်း၏ ဂန္ထဝင် တစ်ဦးဖြစ်လိုဟု ဟာဇက်ပြောကြား၊ ဟာဇက်၏ အရေးပါမှုကို မက်ဆီနှင့်နှိုင်းယှဉ်ကာ နည်းပြဆာရီ ချီးကျူး

ချဲလ်ဆီးအသင်းတောင်ပံကစားသမား ဟာဇက်က ဝက်ဖို့ဒ်ကိုအနိုင်ရခဲ့သောပွဲတွင် အသင်းနှင့်သွင်းဂိုး ၁ဝဝ ပြည့်မြောက်ခဲ့သည့်အတွက် ပျော်ရွှင်မိပြီး ဂိုးများစွာဆက် လက်သွင်းယူကာ အသင်း၏ဂန္ထဝင်ကစား သမားတစ်ဦးဖြစ်လိုကြောင်း ပြောခဲ့သည်။ ဟာဇက်သည် ဝက်ဖို့ဒ်ကို ၂-၁ ဖြင့် အနိုင်ရခဲ့သောပွဲတွင် ဂိုးနှစ်ဂိုးစလုံးသွင်းယူ ပေးနိုင်ခဲ့သူဖြစ်ပြီး ချဲလ်ဆီးကစားသမားတစ် ဦးအဖြစ် ၁ဝ၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ရာ ဂန္ထဝင်တစ်ဦးဖြစ် ခွင့်ရလိုကြောင်း ပြောဆိုခြင်းဖြင့် အသင်းတွင်ဆက်ရှိရန် အ ရိပ်အမြွက်ဆိုခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...