HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

လူမျိုးရေး ခွဲခြားမှုများကို ကူလီဘာလီ ပြန်လည် တုံ့ပြန်

နာပိုလီနောက်ခံလူကူလီဘာလီသည် အင်တာမီလန်ကိုအရေး နိမ့်ခဲ့သောပွဲတွင် လူမျိုးရေးခွဲခြားသည့်ကြွေးကော်မှုများဖြင့် လှောင် ပြောင်ခြင်းခံခဲ့ရရာ မိမိ၏အသား အရောင်အတွက် ဂုဏ်ယူနေမည် ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ မာတီနက်ဇ်၏နောက်ကျဂိုး ဖြင့် အင်တာက ၁-ဝဖြင့်အနိုင်ရခဲ့သော အဆိုပါပွဲတွင် ကူလီဘာလီမှာ ပွဲပြီးခါနီးတွင် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ၎င်းအပေါ် လူမျိုးရေးခွဲခြားခဲ့သော ပရိသတ်များ ကြောင့် ပွဲကိုရပ်ဆိုင်းပေးရန် သုံး ကြိမ်တိုင်တောင်းဆိုခဲ့ကြောင်း နာပိုလီနည်းပြအန်စလော့တီကပွဲ အပြီးတွင် ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဆန်းချက်ဇ် လူကာကူနှင့် မာရှယ်တို့ ပြန်ကစားနိုင်ရန် နီးစပ်နေ

မန်ယူနည်းပြဆိုးလ်ရှားက တိုက်စစ်မှူးဆန်းချက်ဇ်မှာ ကြံ့ခိုင်မှုအပြည့်အဝရရှိရန် နီးစပ်နေပြီ ဖြစ်ရာ လာမည့်ဘုန်းမောက်နှင့်ပွဲတွင် လူကာကူ၊ မာရှယ်တို့နှင့် အတူပြန်ကစားနိုင်ဖွယ်ရှိနေ ကြောင်း ပြောကြားခဲ့သည်။ တိုက်စစ်မှူးဆန်းချက်ဇ်သည် တံကောက်ကြောဒဏ်ရာ ကြောင့် နိုဝင်ဘာလ ၂၄ ရက်ကတည်းက အနားယူနေရသူဖြစ်ပြီး ဆိုးလ်ရှားလက်ထက် မန်ယူလူစာ ရင်းတွင် တစ်ကြိမ်မျှပါဝင်ခြင်းမရှိ သေးပေ။ မာရှယ်မှာ အဖျားဝေ ဒနာကြောင့် ဟက်ဒါဖီးလ်နှင့်ပွဲကို လွဲချော်ခဲ့ရပြီး လူကာကူမှာမူ ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ခွင့် ပေးခံထားရခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ ကစားသမားအတွက် စိန်ခေါ်မှုရှိနေတဲ့ တစ်နေရာ

ထိုင်းလိဂ်ပြိုင်ပွဲမှာ အာဆီယံကစားသမား ခေါ်ယူခွင့်ကို သုံးဦးအထိ ပြောင်းလဲသတ်မှတ်လိုက်တာက အာဆီယံကစားသမားတွေအတွက် အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ လက်ရှိအပြောင်း အရွှေ့ကာလအထိ ထိုင်းလိဂ်မှာ အာဆီယံနိုင်ငံကိုယ်စားပြု ကစားသမားစုစုပေါင်း ၁၅ ဦးအထိ ရှိနေပါတယ်။ ထိုင်းလိဂ်အသင်း ၁၆ သင်းမှာ ကိုးသင်းက အာဆီယံကစားသမား တွေကိုခေါ်ယူထားတာဖြစ်ပြီး ဖိလစ်ပိုင်ကစားသမားက ခြောက်ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ အဲဒီနောက်မှာ မြန်မာကစားသမား ငါးဦး၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ လာအိုကစားသမား တစ်ဦးစီလည်း ထိုင်ကလပ် တွေက ခေါ်ယူထားပါတယ်။ ထိုင်းကလပ်တွေမှာ ပြည်တွင်းက လူငယ်ကစားသမားကောင်း တွေရှိသလို လက်ရွေးစင်နဲ့ နိုင်ငံခြားသား ကစားသမားကောင်းတွေလည်း ရှိတာကြောင့် အာဆီယံကစားသမားတွေအတွက်ပွဲထွက်ခွင့်နဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။

ဆက်လက်ဖတ်ရှုရန် ...

ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ ကစားရန်ရှိနေကြောင်း သတင်း ထွက်ပေါ်မှုကို ပါဗတ် ငြင်းဆန်

စတုဂတ်

ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့မည့် သတင်းများမှာ အခြေအမြစ်မရှိ မတိကျသည့် သတင်းများဖြစ် ကြောင်း ဘွန်ဒက်စ်လီဂါကလပ် စတုဂတ်အသင်း၏ ပြင်သစ်လက် ရွေးစင် နောက်ခံလူ ဘင်ဂျမင်ပါဗတ်က ငြင်းဆန်မှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် ၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံးသွင်းဂိုးရှင်အဖြစ် သတ်မှတ်ခြင်းခံထားရသည့် ဘင်ဂျမင်ပါဗတ်သည် ပြင် သစ်လက်ရွေးစင်အသင်း ချန်ပီယံဆုရရှိခဲ့ရာတွင်လည်း အဓိက နေရာမှ ခြေစွမ်းပြနိုင်ခဲ့ခြင်းများကြောင့် ဥရောပထိပ်သီးအသင်းကြီး အချို့၏ စိတ်ဝင်တစားစောင့်ကြည့်ခြင်း ခံနေရသူလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

နယူးကာဆယ် အသင်းအနေဖြင့် ကံကြမ္မာ၏ ဖေးမမှုများ ထပ်မံရရှိရန် လိုအပ်နေကြောင်း ဘင်နီတက်ဇ် ဆို  

နယူးကာဆယ်

နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်သည် လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့တွင် ကစားသမားသစ် ခေါ်ယူခွင့်ရရှိရန် မသေချာသည့် အခြေအနေတွင်ရှိနေသဖြင့် ရာသီကုန်တွင် တန်းမဆင်းရရေးအတွက် ကံကြမ္မာ၏ဖေးမမှုများကို ထပ်မံရရှိရန် လိုအပ်နေခဲ့ပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

၁ဝ နှစ် အကြာက စွမ်းဆောင်မှုအတွက် ဒီဖိုး ဂုဏ်ပြုခံရ

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒီဖိုးသည် လွန်ခဲ့သော ၁ဝ နှစ် ကျော်က လိဂ်ဖလားပြိုင်ပွဲတွင် စပါးအသင်းအောင်မြင်မှုရရှိစေရန် တစ်စိတ်တစ်ပိုင်း စွမ်းဆောင် နိုင်ခဲ့ပြီးနောက် လိဂ်ဖလားဆုတံဆိပ်ကို ပေးအပ်ခြင်းခံခဲ့ရကြောင်းသိရသည်။ ဒီဖိုးသည် ၂ဝဝ၇-ဝ၈ လိဂ်ဖ လားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောစပါးအသင်းအတွက် ဆီမီးဖိုင်နယ်ပွဲစဉ်အထိ ပါဝင်ကစားခဲ့သူဖြစ်ပြီး ဗိုလ်လုပွဲမတိုင်မီ စပါးမှ ပို့စ်မောက်သို့ပြောင်းရွှေ့ခဲ့ခြင်းကြောင့် အဆိုပါပွဲတွင်ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။

ဆက်လက်ဖတ်ရှုရန် ...

ပဲလေ့စ်ကို ရှုံးခဲ့ခြင်းအား မေ့ပစ်ပြီး ပြန်နိုးထရန် ဖာဘီယန်ဒဲလ် တိုက်တွန်း၊ ယမန်နှစ်ကထက် ပိုကောင်းသော အသင်းဖြစ်လာဟု ဂွါဒီယိုလာ သုံးသပ်

မန်စီးတီးကွင်းလယ်လူ ဖာဘီယန်ဒဲလ်က အသင်းအ နေဖြင့် ပဲလေ့စ်နှင့်ပွဲတွင် အိမ်ကွင်း၌ ပထမဆုံးရှုံးပွဲကြုံ တွေ့ခဲ့ခြင်းမှာ စိတ်ပျက်စရာ ကောင်းသော်လည်း အတိတ်ကိုမေ့ထားပြီး လက်စတာနှင့်ပွဲတွင် နိုင်ပွဲပြန်ယူရမည်ဖြစ် ကြောင်းတိုက်တွန်းပြောကြားခဲ့သည်။ မန်စီးတီးသည် အဆိုပါပွဲတွင် ရှုံးပွဲတွေ့ခဲ့ခြင်းကြောင့် နောက်ဆုံး ပရီးမီးယားလိဂ်သုံးပွဲတွင် နှစ်ပွဲရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားကိုဦးဆောင် နေသော လီဗာပူးနှင့် လေးမှတ်အထိကွာဟသွားခဲ့ရာအရှုံးကို ဆက်တွေးမနေဘဲ နိုင်ပွဲပြန်လည်ရယူရန် ဒဲလ်က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အခြေအနေ ပေးပါက ဇန်နဝါရီတွင် လူသစ်ခေါ်မည်ဟု ကလော့ပ် ဆို  

လီဗာပူးနည်းပြ ကလော့ပ်က လက်ရှိအသင်း၏လူစာရင်းကို မိမိကျေနပ်မှုရှိသော်လည်း အခြေအနေပေးပါက ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် ကစားသမားသစ် ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ လီဗာပူးသည် ၁၈ ပွဲကစား ပြီးချိန်တွင် အမှတ်ပေးဇယား ကို လေးမှတ်အသာဖြင့် ဦး ဆောင်နေသော်လည်း ဇန် နဝါရီနှင့်ဖေဖော်ဝါရီလများတွင် အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲများ ဝင် ရောက်လာမည်ဖြစ်ရာ ကစားသမားသစ်များဖြင့် အားဖြည့်ဖွယ်ရှိကြောင်း ကလော့ပ်ကဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...