HIGHLIGHT NEWS
Main menu

Sport [-- အားကစား ကဏ္ဍ --]

ကစားသမားများ ပါဝါပိုကြီးလာခြင်းမဟုတ်ဟု မန်ယူနည်းပြ ဆိုးလ်ရှား ဆို

မန်ယူနည်းပြဆိုးလ်ရှားက ယနေ့ခေတ်တွင် ကစားသမားများ က နည်းပြထက်ပို၍ ပါဝါကြီးလာ သည်မဟုတ်ဘဲ အသင်း၏တန်ဖိုး ကို အလေးထားနေသရွေ့ ကစား သမားများကို ထိန်းချုပ်နိုင်ဆဲဖြစ် ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ကွန်ဖူးမင်းသား ဘရုစ်လီကြောင့် တရုတ်စူပါလိဂ်ကို ပြောင်းခဲ့ခြင်းဟု ကွင်းလယ်လူ ဒမ်ဘီလီ ဆို

စပါးအသင်းမှ တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူးအဲဗားဂရန် ဒီအသင်းသို့ ပြောင်းရွှေ့သွားခဲ့သော ဘယ်လ်ဂျီယံကွင်းလယ်လူ ဒမ်ဘီလီက မိမိသည် တရုတ်ကွန်ဖူးမင်းသား ဘရုစ်လီ၏ လွှမ်းမိုးမှုကြောင့် တရုတ်စူပါလိဂ်သို့ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။ 

ဆက်လက်ဖတ်ရှုရန် ...

ခြေစွမ်းပြနေသော ရက်ရှ်ဖို့ဒ်ကို မန်ယူအသင်း လစာတိုးပေးမည်၊ ဆိုးလ်ရှားအား တရားဝင်နည်းပြအဖြစ် ခန့်အပ်ရန် နည်းပြအဖွဲ့နှင့် ကစားသမားများ ဆန္ဒရှိနေ

မန်ယူအသင်းသည် ယာယီနည်းပြအိုလီဂန်နာဆိုးလ်ရှား လက်ထက်၌ အထူးခြေစွမ်းပြ နေသော တိုက်စစ်မှူးရက်ရှ်ဖို့ဒ်အား လက်ရှိလစာ၏နှစ်ဆတိုး မြှင့်ပေးရန် စီစဉ်နေ ကြောင်းသိရသည်။ အသက် ၂၁ နှစ်အရွယ် ရက်ရှ်ဖို့ဒ် သည် မန်ယူအသင်း၏ နောက်ဆုံး ၉ ပွဲ၌ ၆ ဂိုးအထိသွင်းယူ ပေးနိုင်ခဲ့သူဖြစ်ပြီး ¤င်း၏စာချုပ် သက်တမ်းမှာ ၁၈ လကျန်ရှိနေ သေးသော်လည်း ကြိုးစားအား ထုတ်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် လက်ရှိလစာ တစ်ပတ် ပေါင် ၇၅ဝဝဝ မှ တစ်ပတ်လစာ ပေါင် ၁၅ဝဝဝဝ အထိတိုးမြှင့် ပေးရန် စီစဉ်နေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကစားသမားများ လွှမ်းမိုးမှုများသောကြောင့် ရာထူးမှ ထုတ်ပယ်ခံရခြင်းဖြစ်သည်ဟု မော်ရင်ဟို ဆို

မန်ယူနည်းပြရာထူးမှထုတ်ပယ်ခံရပြီးနောက် ကာလအတန်ကြာနှုတ်ဆိတ်နေခဲ့သော ပေါ်တူဂီ နည်းပြမော်ရင်ဟိုက အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာခဲ့ရခြင်းမှာ ကစားသမားများ၏ပညာပြမှုကြောင့် ဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

တိုက်စစ်မှူး ဟီဂူအင်အား အငှားဖြင့် ခေါ်ယူရန် ချဲလ်ဆီး သဘောတူညီမှုရရှိ၊ ပရီးမီးယားလိဂ်၏ ပထမဆုံး ဂေးကစားသမားဟူသော သတင်းများအပေါ် လော့တပ်ချိဖ် ငြင်းဆို  

ချဲလ်ဆီးအသင်းသည် အာဂျင်တီးနားတိုက်စစ်မှူးဟီဂူအင်အား အငှားဖြင့်ခေါ်ယူရန် ဂျူဗင်တပ်အသင်းနှင့် သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဟီဂူအင်သည် ဂျူဗင်တပ်မှ အေစီမီလန်သို့ အငှားဖြင့် သွားရောက်ကစားနေသူဖြစ်ပြီး ချဲလ်ဆီးအသင်းက တိုက်စစ်အခက်အခဲ ကြောင့် ဟီဂူအင်ကိုခေါ်ယူရန် ကြိုးပမ်းခဲ့ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

NASA လေ့ကျင့်ရေး ပစ္စည်းများဖြင့် တိုက်စစ်မှူး ဟယ်ရီကိန်း ဆက်လက်လေ့ကျင့်မည်

မန်ယူအသင်းနှင့်ကစားခဲ့ သောပွဲတွင်ရရှိခဲ့သော ခြေချင်း ဝတ်အရွတ်ပျက်စီးသည့် ဒဏ်ရာ ကြောင့် နှစ်လကြာအနားယူရ တော့မည့် စပါးတိုက်စစ်မှူးဟယ် ရီကိန်းသည် ဒဏ်ရာအမြန်ဆုံး သက်သာပျောက်ကင်းစေရန်အတွက် အမေရိကန်အာကာသသိပ္ပံ စခန်း NASA တွင်အသုံးပြုသည့် လေ့ကျင့်ရေးပစ္စည်းများဖြင့် လေ့ကျင့်သွားမည်ဖြစ်ကြောင်းသိရသည်။ ဟယ်ရီကိန်းသည် အဆိုပါဒဏ်ရာကြောင့် စပါးအသင်း၏ အရေးပါသည့်ပွဲများအား လွဲချော်ရမည်ဖြစ်သော်လည်း ၎င်းသည် NASA တွင် အာကာသယာဉ်မှူးများအသုံးပြုသည့် လေ့ကျင့်ရေးပစ္စည်းဖြင့် လေ့ကျင့်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဂျူဗင်တပ် အသင်းအတွက် အီတလီ စူပါဖလားကို စီရော်နယ်ဒို ရယူပေးနိုင်ခဲ့

ဆော်ဒီအာရေဗျနိုင်ငံ ဂျီဒက်မြို့တွင် ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့သည့် အီတလီစူပါဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဂျူဗင်တပ်အသင်းက အေစီမီလန်အသင်းကို စီရော်နယ်ဒို၏ ဂိုးဖြင့်အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ရာသီကုန်တွင် အနားယူမည့် ပီတာချက်ကို နေရာပြန်ပေးရန် ချဲလ်ဆီးစီစဉ် ပီတာချက်ကို ကျောနံပါတ်-၁ ဂျာစီပေးခဲ့ခြင်းအတွက် မော်ရင်ဟို ဂုဏ်ယူ

ချဲလ်ဆီးအသင်းသည် ယခုနှစ်ရာသီကုန်တွင် ဘောလုံးသမားဘဝမှအနားယူမည့် အသင်းမှဂိုးသမားဟောင်း ပီတာချက်ကို အသင်းတွင် နေရာတစ်နေရာပြန်ပေးရန် ကမ်းလှမ်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပီတာချက်သည် ကစားသမားဘဝအစတွင် ချက်ကလပ် ချမဲလ်၊ စပါတာပရပ်နှင့် လီဂူးကလပ် ရန်းနက်စ်တို့တွင်ကစားခဲ့ပြီး ယင်းနောက်တွင် ချဲလ်ဆီး၊ အာဆင်နယ် အသင်းများ၌ ၁၅ နှစ်ကြာကစားခဲ့ကာ ကစားသမားဘဝတွင် နှစ်ပေါင်း ၂ဝ ကြာ ကစားခဲ့ပြီးနောက် ယခုရာသီကုန်တွင် ဘော လုံးကစားခြင်းမှ အနားယူတော့မည်ဖြစ် ကြောင်း ကြေညာခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...