ကရာချိ၊ ဇူလိုင် ၁၂
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ရာဟင်ယာခန်ခရိုင်၌ လူစီးရထားတစ်စင်းနှင့် ကုန်ရထားတစ်စင်းတို့ တိုက်မှုဖြစ်ပွားခဲ့ရာ ခရီးသည် ၂၁ ဦး သေဆုံးခဲ့ကြောင်း၊ ဇူလိုင် ၁၁ ရက်နှောင်းပိုင်း၌ ဖြစ်ခဲ့ကြောင်း ဆင်ဟွာသတင်းက ဇူလိုင် ၁၂ ရက်တွင် ဖော်ပြလိုက်သည်။
ရာဟင်ယာခန်ခရိုင်ရဲအရာရှိ ဦးမာဖာရောက်ဆာလာမတ်က ပြောကြားရာတွင် ကယ်ဆယ်ရေး လုပ်သားများက ခရီးသည်တင် ရထားတွဲအပျက်ကြားမှ အလောင်း ရှစ်လောင်း ထပ်မံတွေ့ရှိခဲ့ရာ သေဆုံး သူ ၂၁ ဦးဖြစ်သွားခဲ့သည်ဟု မီဒီ ယာများကို ပြောကြားခဲ့သည်။
ရထားတိုက်မှုကြောင့် ဒဏ် ရာရသူလည်း ၁ဝဝ ရှိကြောင်း သက်ဆိုင်ရာက ပြောကြားလိုက် သည်။ ဒဏ်ရာရသူအများစုမှာ စိုးရိမ်ရသောအခြေအနေတွင် ရှိ ကြမည်ဟုလည်း သက်ဆိုင်ရာက ဆိုသည်။ ကနဦးစိစစ်မှုအရ အချက်ပြ မှုမှားယွင်း၍ဖြစ်ရကြောင်း၊ လူစီး ရထားမှာ ကုန်ရထားရပ်ထားသော လမ်းကြောင်းထဲသို့ ဝင်ရောက် သွားခဲ့၍ တိုက်မိခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ပြောကြားခဲ့သည်။
ခရီးသည်တင်ရထားမှာ အရှေ့ပိုင်း လာဟိုးမြို့မှ အနောက် တောင်ပိုင်း ကွီတာမြို့သို့ မောင်း နှင်လာခြင်းဖြစ်သည်။ ရာဟင်ယာ ခန်ခရိုင်ဝယ်လ်ဟာ ဘူတာအနီး ကုန်ရထားကို ဝင်တိုက်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။ ရထားတိုက်ပြီးနောက် ရဲတပ် ဖွဲ့နှင့် ကယ်ဆယ်ရေးလုပ်သားများ အခင်းဖြစ်ရာနေရာသို့ ရောက်ရှိ လာခဲ့ကာ ဒဏ်ရာရသူများကို နီး စပ်ရာဆေးရုံများသို့ တင်ပို့ခဲ့သည်။
ဒဏ်ရာရသူများမှာ စိုးရိမ် စရာဖြစ်နေသူများနေရာ ကျန်းမာ ရေးလုပ်သားများက သေဆုံးသူ တိုးလာမည်ကို စိတ်ပူလျက်ရှိကြ ကြောင်း ပြောကြားခဲ့သည်။ လူစီးရထား၏ စက်ခေါင်းနှင့် ရထားတွဲသုံးတွဲမှာ လုံးဝပျက်စီး သွားခဲ့ကြောင်း၊ ရထားတိုက်မှု ဖြစ်ပြီးနောက် ရထားလမ်းကို ၁ဝ နာရီကြာ ပိတ်ထားခဲ့ပြီး ပြန်လည် ဖွင့်ပေးလိုက်ပြီဟု ဆိုသည်။
ပြည်ထောင်စု မီးရထားဝန်ကြီး ရှိတ်ရာရှိစ်ဒ်က ဤရထားတိုက်ရ ခြင်းမှာ လူများ၏အမှားကြောင့် ဖြစ်ရသည်ဟု ပြောသည်။ ပါကစ္စတန်သမ္မတ အရစ်ဖ်အလီဗီနှင့် ဝန်ကြီးချုပ်အမ်မရန် ခန်တို့က တန်ဖိုးရှိသော အသက် များဆုံးရှုံးရ၍ ဝမ်းနည်းကြေကွဲရ ကြောင်း ပြောကြားခဲ့ကြသည်။ ဝန်ကြီးချုပ်က ရထားသွားလာမှု ဘေးကင်းအောင်ပြုလုပ်ရန် မီးရ ထားဝန်ကြီးကို အမိန့်ပေးလိုက် သည်။
Ref: Xinhua
#democracytoday
Discussion about this post